အပိုင်း(၁)

7.6K 354 7
                                    

သွန်းသိရီမေပိုက်ထားတဲ့အရုပ်၃ရုပ်ကိုငုတ်ကြည့်နေတုန်းကောင်မလေးတစ်ယောက်ရောက်လာပြီး

"အဲ့....အ ရုပ် လေး ပြန် ရောင်း ပါ လား"

သူမကိုကြည့်ရတာစကားတစ်လုံးပြောဖို့မနည်းအားယူပြောရရှာသည်၊၊အထစ်ထစ်အငေါ့ငေါ့နဲ့မို့သူမကိုသူမလည်းအားမရရှာပေ၊၊သွန်းလက်ထဲကဝက်ဝံရုပ်လေးကိုလက်ညှိုးလေးထိုးပြီးမျက်နှာငယ်လေးနဲ့ပြောနေလေသည်၊၊

ကိုယ်ခက်ခက်ခဲခဲကောက်ထားရတဲ့အရုပ်မို့သွန်းမရောင်းချင်ပေ၊၊သူမကြည့််ရတာလည်းတော်တော်လေးလိုချင်နေရှာတာမို့သွန်းလက်ဆောင်ပေးဖို့သာတွေးလိုက်သည်၊၊

"ရော့...."

သွန်းလက်လေးကမ်းပြီးအရုပ်လေးပေးလိုက်လေသည်၊၊သူမလက်ထဲရောက်သွားတာနဲ့ဝက်ဝံရုပ်လေးကိုရင်ခွင်ထဲထည့်ပြီးဖက်ထားလိုက်သည်၊၊

သူမသွားလေးတွေပေါ်အောင်ရယ်ပြီး
"ကျေး ဇူး တင် ပါ တယ်
ဘယ် လောက် ........"

တစ်လုံးချင်းစီမနည်းအားယူပြောနေတာမို့သွန်းကကြားဖြတ်ကာ
"ပေးစရာမလိုပါဘူး.....လက်ဆောင်ပေးတာပါ"

သူမဟာဒူးလောက်ဂါဝန်ပန်းနုရောင်လေးနဲ့Eco bag အနက်ရောင်လေးကိုလွယ်ထားတဲ့ဖြူဖြူပိန်ပိန်သေးသေးလေးကောင်မလေးဖြစ်သည်၊၊ရှေ့ဆံမြိတ်လေးနဲ့ဂုတ်အကျော်ဆံပင်လေးကိုချထားလေသည်၊၊

...........................................................................

"သွန်းသီရိမေ.....,ငါမသိလို့မေးပါဦးမယ်
စနေ တနင်္ဂနွေOTခေါ်ရင်နင့်မှာခါးခါးသီးသီးငြင်းနေတာ..... ဘာလဲကောင်လေးရနေပြီလား"

သွန်းမျက်နှာလေးသိသိသာသာလေးပျက်သွားပြီး
"ဘယ်ကသာ ယမင်းရယ်.....
စနေ တနင်္ဂနွေလေးတော့ကိုယ့်ကိုအချိန်လေးပေးချင်လို့.....ပိုက်ဆံရှာတာလည်းရှာတာပေါ့ဟာ
နားရက်လေးတော့နားချင်တယ်.....
ရုံးကတသက်လုံးကိုOTကိုခေါ်နေတာပဲ.....
ဟိုleaderကလည်း......
ငါ့နားရက်ငါနားချင်နားမယ်မနားချင်မနားဘူးငါ့သဘောကို........လာဟောက်စားလုပ်နေတာနင့်အမြင်ပဲ....."

ယမင်းလည်းသူ့သူငယ်ချင်းသွန်းရဲ့ကျောကိုပုတ်လိုက်ပြီး"စိတ်လျှော့ပါဟာ.....ပြီးတော့
နင်သူ့ကိုမေ့သင့်နေပြီနော်......
အချစ်သစ်နဲ့ဘဝသစ်စသင့်ပြီ"

Right PersonWhere stories live. Discover now