အပိုင်း(၁၂)

1.9K 186 4
                                    

"သမီး.....မနေ့ကမောင်ထက်လင်းမေမေ့ကိုဖုန်းဆက်တယ်......သမီးဖုန်းကစက်ပိတ်ထားလို့ခေါ်မရလို့ဆိုပြီး"

ရွှန်းလည်းဟန်မပျက်မျက်နှာကိုထိန်းကာ
"ဟုတ်.....အားကုန်သွားလို့ပိတ်ထားလိုက်တာမေမေ"

အကြောင်းစုံကိုသိနေတဲ့အမေဖြစ်သူကမသိဟန်ဆောင်ကာဖြင့်ခေါင်းတစ်ချက်ညိမ့်လိုက်ပြီး
"မောင်ထက်လင်းကဒီနေ့သူတို့နိဗ္ဗာန်စျေးအလှူလုပ်မယ်တဲ့......သူတို့လမ်းရောတခြားလမ်းတွေပါပါတာပေါ့....အကျွေးအမွေးတွေလည်းပါတယ်တဲ့.....မောင်ထက်လင်း သမီးကိုညနေ၃နာရီကျလာခေါ်လိမ့်မယ်....အဲ့တာသမီးပြင်ဆင်စရာရှိတာပြင်ဆင်ထားလိုက်နော်....."

"ဟို.....မေမေ သမီးမသွားလို့မရဘူးလား"

"ဘာလို့လဲသမီးရဲ့.....အကုသိုလ်လည်းရပျော်လည်းပျော်ရတာကို.....လိုက်သွားလိုက်ပါ"

ဒါနဲ့ပဲရွှန်းလည်းအပေါ်တက်ပြီးရေမိုးချိုးကာပြင်ဆင်တော့သည်၊၊

ပန်းရောင်ဝမ်းဆက်မြန်မာဝတ်စုံလေးဝတ်ပြီးမိတ်ကပ်ပါးပါးလေးခြယ်သကာသူမလက်သေးသေးလေးတွေနဲ့တတောက်တောက်ရိုက်နှိပ်လိုက်လေသည်၊၊

"မမ  အပြင်ခဏသွားဦးမယ်ဘေဘီ"ဆိုကာသွန်းmessageတစ်စောင်ပို့လိုက်လေသည်၊၊

"သမီးရေ.....မောင်ထက်လင်းရောက်ပြီ"အောက်ထပ်ကအမေ့အသံကိုကြားရတာမို့အိတ်လေးကိုကောက်
လွယ်ပြီးဆင်းသွားလိုက်သည်၊၊

တစ်ဖက်မှာလည်း.......

သွန်း သူမဆီကmessageဝင်လာသည်မို့အလုပ်ကိုရပ်လိုက်လေသည်၊၊အလုပ်ချိန်ဖုန်းသုံးခွင့်မရှိတာမို့အိမ်သာသို့မသိမသာလေးထသွားလိုက်သည်၊၊

သွန်းလည်းသူမစာကိုဖတ်လိုက်ပြီးလက်သွယ်သွယ်လေးတွေဖြင့်စလုံးတွေကိုရိုက်နှိပ်လိုက်လေသည်၊၊

"ဟုတ်မမ....ဂရုစိုက်သွားနော်"

ဒီလိုနဲ့ညနေ၆နာရီရုံးဆင်းတော့......

ဘစ်စကားပေါ်မှာသူမဆီကmessageဝင်လာလေသည်၊၊

"မမအခုပဲပြန်ရောက်ပြီဘေဘီ"

သွန်းလည်းတစ်ဖက်ကလက်ကိုင်တန်းကိုကိုင်ကာလက်တစ်ဖက်ဖြင့်
"ဟုတ်.....ဘေဘီလည်းပြန်လာနေပြီ"ဆိုကာရိုက်နှိပ်ပို့လိုက်လေသည်၊၊

Right PersonWhere stories live. Discover now