အပိုင်း(၃)

2.6K 248 3
                                    

သွန်းအိမ်ထဲဝင်ဝင်ချင်းအမေဖြစ်သူကလက်လှမ်းပြကာခေါ်နေလေသည်၊၊

"သွန်း မြန်မြန်လာ....
ညည်းအဒေါ်ကပိုက်ဆံလွှဲရင်းညည်းအတွက်မုန့်ဖိုး၃သောင်းပါထည့်ပေးလိုက်တဲ့"

သွန်းသက်ပြင်းလေးချပြီးလွယ််အိတ်လေးကိုဆက်တီခုံစားပွဲလေးမှာတင်လိုက်သည်၊၊အမေတို့နားလျှောက်သွားပြီးသူတို့ပြောနေတဲ့ဖုန်းကိုလှမ်းယူလိုက်သည်၊၊

video callပြောနေသည်မို့သွန်းကိုအဒေါ်ကမြင်တော့
"ကြီးကြီးမုန့်ဖိုးထည့်ပေးလိုက်တယ်
သမီးက၃သောင်း အငယ်လေးက၁သောင်း"

သွန်းရှည်ရှည်ဝေးဝေးမပြောချင်တာမို့
"ဟုတ် ကျေးဇူးတင်ပါတယ်ကြီးကြီး
သမီးခုမှပြန်ရောက်တာမို့ရေချိုးဦးမယ်နော်" ပြောကာအမေ့လက်ထဲဖုန်းပြန်ထည့်ပြီးသွန်းထွက်လာခဲ့သည်၊၊အမေကတော့သူအမနဲ့ဆက်ပြောနေလေသည်၊၊

သွန်းတို့အဒေါ်ဝမ်းကွဲအကြီးဆုံးကအမေရိကားမှာအိမ်ထောင်ကျပြီးအခြေချကာနေလေသည်၊၊အမျိုးဆိုပေမဲ့ငွေမာနကြောင့်မထင်ရင်မထင်သလိုခနဲတတ်တဲ့အကျင့်ရှိသည်၊၊ဘာပဲလှူလှူfacebookပေါ်အခါတစ်ရာလောက်တင်ပြီးကြွားဝါတတ်သေးသည်၊၊သွန်းဒီအကျင့််တွေကြောင့်အမျိုးတွေနဲ့ခပ်စိမ်းစိမ်းသာနေသည်၊၊

မာနကြီးတာတော့မဟုတ်ရှိသင့်ရှိထိုက်တဲ့မာနလေးတော့သွန်းမှာရှိသည်၊၊သူများဆီကအလကားယူရင်ပြောစရာရှိကိုယ့်ဘက်ကအားနာနေရသည်၊၊ဒါကြောင့်သွန်းဘယ်သူ့ဆီမှအလကားမလိုချင်ပေ၊၊ဖေဖေကဝပ်ရှော့ထောင်ထားသည်၊၊သွန်းကလည်းရသမျှအိမ်ကိုပေးကာကူသည်၊၊အချမ်းသာကြီးတော့မဟုတ်ပေမဲ့သွန်းတို့လည်းသူများနည်းတူနေနိုင်စားနိုင်လူလတ်တန်းစားဖြစ်သည်၊၊

သွန်းရေမိုးချိုးပြီးညအိပ်အင်္ကျီလေးဝတ်ကာကုတင်ပေါ်လှဲချလိုက်သည်၊၊ဆပ်ပြာကစပျစ်သီးအနံ့လေးမို့ရေချိူးပြီးခါစကိုယ်သင်းနံလေးကြောင့်စိတ်ပါကြည်လင်လာစေသည်၊၊တနေ့ကုန်ကွန်ပြူတာရှေ့ထိုင်ပြီးအလုပ်လုပ်ရတာကြောင့်ခုမှပဲအညောင်းညာပြေတော့သည်၊၊

လိုင်းဖွင့်ဖွင့်ချင်းတောင်ဆိုတဲ့အသံလေးနဲ့အတူ......

"ပြန်ရောက်ပြီလားညီမလေး"ဆိုတဲ့စာလေးကိုမြင်ရလေသည်၊၊love reactတွေပေးထားပြီးသွန်းwallထဲလည်းဝင်မွှေထားသေးလေသည်၊၊

Right PersonWhere stories live. Discover now