အပိုင်း(၁၁)

1.9K 190 1
                                    

"အာ...."
အရုပ်လေးရခါနီးမှပြုတ်ကျသွားတာကြောင့်သွန်းအော်ရင်းသက်ပြင်းတွေချနေမိသည်၊၊သွန်းရဲ့ရင်ခွင်ထဲမှာနစ်မြှုပ်နေတဲ့သူမကတော့မှန်ဘောင်ထဲကအရုပ်လေးကိုကြည့်ကာနှုတ်ခမ်းလေးဆူနေလေသည်၊၊

"ဒီစက်ကညှပ်ချောင်နေတာမမ.....လာ ဘေဘီတို့နောက်စက်မှာပြောင်းကောက်ရအောင်"
သွန်းသူမလက်သေးသေးလေးကိုဆုပ်ကိုင်ပြီးဘေးကစက်ကိုပြောင်းလိုက်လေသည်၊၊သူမကိုရှေ့မှာထားပြီးသွန်းကတော့နောက်ကနေရပ်လိုက်သည်၊၊

"မမ.....ဘယ်ဟာလိုချင်လဲ"

သူမမှန်ဘောင်ထဲကအရုပ်တွေကိုကြည့်ပြီးလက်ညှိုးလေးနဲ့ထောက်ကာ
"ဒါလေးလိုချင်တယ်"

သူမပြတဲ့လိမ္မော်ရောင်မျက်လုံးပြူးပြူးငါးရုပ်ကိုသွန်းကြည့်ပြီးအကြွေစေ့လေးထည့်လိုက်လေသည်၊၊

ကံကောင်းစွာနဲ့ဒီစက်မှာတော့နှစ်ခေါက်လောက်ကြိုးစားလိုက်ရုံနဲ့အောင်မြင်သွားလေသည်၊၊သွန်းရင်ခွင်ထဲကသူမကတော့အရုပ်လေးကိုပိုက်ကာလက်ခုပ်လက်ဝါးတီးပြီးပျော်နေရှာသည်၊၊

သွန်းလည်းသူမခေါင်းလေးကိုပွတ်ပြီး
"ဘယ်ဟာလေးထပ်ယူဦးမလဲမမ"

သူမနှာခေါင်းကြီးကြီးနဲ့ဝက်ရုပ်သေးသေးလေးကိုလက်ညွှန်းထိုးပြပြန်သည်၊၊သွန်းလည်းသူမကိုရင်ခွင်ထဲထည့်ပြီးကောက်ဖို့ပြင်လေသည်၊၊အကြွေစေ့ထည့်ပြီးကောက်တော့ခက်ခက်ခဲခဲနဲ့ရသွားပြန်လေသည်၊၊သူမလည်းအရုပ်နှစ်ရုပ်နဲ့တော်တော်လေးပျော်နေရှာသည်၊၊

ဆိုင်မှာဝယ်တာထက်အခုလိုခက်ခက်ခဲခဲလေးကြိုးစားရတာကိုပိုသဘောကျမိသည်၊၊အရုပ်လေးရသွားရင်ပျော်ရွှင်ရသလိုရခါနီးဆဲဆဲပြုတ်ကျသွားရင်လည်းတော်တော်စိတ်တိုရလေသည်၊၊

ဆိုင်ကနေအိတ်တစ်လုံးတောင်းပြီးအရုပ်နှစ်ရုပ်ကိုထည့်လိုက်လေသည်၊၊သူမလိုရာရကျေနပ်သွားသည်မို့ဆိုင်ကနေထွက်လာလိုက်ကြသည်၊၊သူမလက်လေးတွဲခိုဖို့သွန်းလက်တံတောင်လေးကိုကွေးပေးလိုက်လေသည်၊၊သူမကလည်းသွန်းလက်လေးကိုချိတ်လိုက်လေသည်၊၊

နှစ်ယောက်သားတူတူလမ်းလျှောက်ရင်းသူမခြေစုံရပ်သွားသည်မို့သွန်းဘေးကသူမကိုကြည့်လိုက်လေသည်၊၊သွန်းလည်းသူမတငေးတမောကြည့်နေတဲ့နေရာဆီအကြည့်တွေရောက်သွားလေသည်၊၊

Right PersonWhere stories live. Discover now