အပိုင်း(၇)

2.4K 231 3
                                    

"ဟဲ့....ထမင်းကောင်းကောင်းစားစမ်းပါ"

သွန်းတစ်ယောက်ထမင်းကိုမစားဘဲဇွန်းနဲ့မွှေနှောက်နေပြီးလက်တဖက်ကဖုန်းကိုကိုင်ကာအာရုံစိုက်နေတာ
ကြောင့်ယမင်းလှမ်းပြောလိုက်လေသည်၊၊

ယမင်းထပ်ပြီး
"ဘာလို့မျောက်မှိုင်မှိုင်နေတာလဲ......
ဘာလဲ.....ဟိုအမနဲ့ဒီနေ့စကားမပြောရလို့လား"

သွန်းမျက်နှာလေးသုန်သုန်မှုန်မှုန်ဖြင့်ခေါင်းလေးညိမ့်လိုက်လေသည်၊၊

ယမင်းလည်းဇွန်းလေးနဲ့ထမင်းတလုတ်ကိုခပ်ပြီးပါးစပ်ထဲထည့်လိုက်ကာ
"ဘာများလဲလို့....သူလည်းမအားလို့နေမှာပေါ့
နင်ကလည်း.....တရက်လေးစကားမများရတာကိုအဖြစ်သည်းနေလိုက်တာ"

"ဘာဖြစ်လဲ.....
နင်တောင်နင့်ဘဲနဲ့မပြောဘဲနေနိုင်လို့လား" သွန်းယမင်းကိုရန်လှမ်းတွေ့လိုက်သည်၊၊

ယမင်းလည်း
"ဟဲ့.....ငါတို့ကချစ်သူတွေလေ....."

သွန်းလည်းဖုန်းကိုစားပွဲမှာတင်လိုက်ပြီး
"အင်း......ငါတို့လည်းချစ်သူတွေပဲ"

ယမင်း သွန်းစကားကြောင့်ရယ်လိုက်လေသည်၊၊

သွန်းမျက်နှာထားတည်တည်ဖြင့်
"ငါပြောတဲ့ထဲရယ်စရာပါလို့လား....."ပြောလိုက်သည်၊၊

ယမင်းလည်းသွန်းကိုတအံ့တသြကြည့်လိုက်ပြီး
"သွန်း.....အတည်ကြီးလား"

သွန်းခေါင်းလေးညိမ့်လိုက်ပြီး
"မထင်မှတ်ပဲငါသူနဲ့စတွေ့ခဲ့တယ်
တစ်ကြိမ်တည်းတောင်မဟုတ်.....
ငါတို့၃ကြိမ်၃ခါတိတိကိုဆုံခဲ့ကြတယ်
တစ်ယောက်တည်းနေသားကျနေတဲ့ငါက
ရှောင်ဖယ်ခဲ့ပေမယ့်
သူ့အလိုလိုခြေလှမ်းတွေကနီးဆက်စေခဲ့တယ်
နေ့စဥ်နေ့တိုင်းအသေးအမွှားသေးတွေကအစ
အပြန်အလှန်ပြောဖြစ်ခဲ့တယ်.....
ငါဘာမှန်းသဲသဲကွဲကွဲမသိပေမဲ့
သူငါ့ကိုချစ်တယ်ပြောပြီးနမ်းရှိုက်လိုက်တဲ့အချိန်မှာတော့......ရထားခုတ်မောင်းသလိုဘုရားပွဲလှည့်နေသလိုရင်ခုန်သံတွေဆူညံကုန်တယ်"

ယမင်းလည်းသွန်းပြောပြသမျှခေါင်းလေးညိမ့်နားထောင်ပြီး
"ဘာပဲဖြစ်ဖြစ်ဟာ.....
သူဟာာယောကျ်ားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်
အရေးမကြီးပါဘူး
အရေးကြီးတာကဟိုအကောင်လိုနင့်ကိုဒဏ်ရာတွေမပေးဖို့ပဲ.....ငါတော့ဝမ်းသာတယ်သိလား
နင့်နှလုံးသားနင်အကျဥ်းချပြီးလှောင်ပိတ်နေတာထက်စာရင်ခုလိုအချစ်သစ်ကိုရှာတွေ့တာငါဝမ်းသာတယ်.....ဒါမဲ့အချစ်စစ်ဖြစ်ဖို့လိုတယ်နော်"

Right PersonWhere stories live. Discover now