အပိုင်း(၁၃)

2.1K 194 6
                                    


စာမလာသတင်းမကြားဘဲသွန်းပျောက်နေတာသုံးရက်ရှိပြီမို့ရွှန်းတော်တော်လေးစိတ်ပူမိသည်၊၊ထိုကြောင့်သွန်းတို့တိုက်နားကအအေးဆိုင်မှာသွန်းရုံးကအပြန်ကိုစောင့်နေလိုက်သည်၊၊

ထောပတ်သီးဖျော်ရည်လေးကိုသောက်လိုက်၊လက်ကနာရီကိုကြည့်လိုက်နဲ့ဂနာမငြိမ်ဖြစ်နေလေသည်၊၊ခပ်လှမ်းလှမ်းကသွန်းကိုမြင်တော့အအေးဖိုးကိုခွက်အောက်ဖိခဲ့ပြီးရွှန်းထသွားလိုက်သည်၊၊

လှေကားတံခါးဖွင့်ဖို့ပြင်နေတဲ့သွန်းကိုရွှန်းနောက်ကနေ
"ဘေဘီ......"

မြတ်နိုးရတဲ့ထိုနာမ်စားလေးကြောင့်တံခါးဖွင့်ဖို့ပြင်နေတဲ့လက်တွေကအလိုလိုရပ်တန့်သွားလေသည်၊၊လက်သန်းကြွယ်ကလက်စွပ်ကိုဘောင်းဘီအိတ်ထဲအသာထည့်လိုက်ပြီးနောက်သို့လှည့်လိုက်လေသည်၊၊

မျက်နှာချင်းဆိုင်ဖြစ်သွားတော့မှရွှန်း သွန်းလက်လေးကိုကိုင်ပြီး
"ဘေဘီ.....ဖုန်းဆက်လည်းမရ၊လိုင်းလည်းမတက်.....အရိပ်အယောင်လေးတောင်မတွေ့ရတဲ့ထိ.....ဘာဖြစ်လို့လဲဟင်"

သွန်းမျက်နှာကိုဟန်မပျက်ထိန်းကာ
"လမ်းခွဲကြရအောင်"

ချစ်ရတဲ့သွန်းနှုတ်ဖျားကထွက်ကျလာတဲ့စကားဟာရွှန်းရင်ကိုဓားနဲ့မွှန်းလိုက်သလိုပင်......

"ဟမ်....." ရွှန်းမျက်ဝန်းကမေးခွန်းတွေအပြည့်
ဖြင့်မျက်ရည်တွေဝဲတက်လာလေသည်၊၊

သွန်း လက်တစ်ဖက်နဲ့ရွန်းလက်ကိုပုတ်ချလိုက်လေသည်၊၊ရွှန်းလည်းသွန်းလုပ်သမျှကိုနားမလည်နိုင်တော့ပေ၊၊ရွန်း သွန်းလက်တွေကိုသေချာကြည့်မိတော့လက်သန်းကြွယ်ကလက်စွပ်လေးကိုမတွေ့ရတော့ပေ၊၊

ရင်ထဲစို့နစ်နေရာမှအားတင်းပြီး
"ဘာလို့လဲဟင်.....
မမဘာအမှားလုပ်မိလို့လဲ"

သွန်းလည်းအကြည့်ချင်းမဆုံမိအောင်လွှဲပြီး
"မချစ်တော့လို့...."

ဒီစကားကိုတော့ရွှန်းခံနိုင်ရည်မရှိတော့ဘဲပါးပြင်ထက်မျက်ရည်ဥတွေမထိန်းနိုင်မသိမ်းနိုင်စီးကျလာတော့သည်၊၊

သွန်းလည်းကိုယ့်ချစ်သူရဲ့မျက်ရည်တွေကိုမြင်တော့ရင်ခွင်ထဲထည့်ပြီးအရင်လိုသူမမျက်ရည်တွေက်ိုတယုတယသုတ်ပေးချင်မိသည်၊၊သို့သော်လည်းသူ့စိတ်ကိုတင်းထားပြီးလက်နှစ်ဖက်လုံးကိုကျစ်ကျစ်ပါအောင်
ဆုပ်ထားလိုက်လေသည်၊၊

Right PersonWhere stories live. Discover now