အပိုင်း(၈)

2.4K 223 4
                                    

သွန်း ပေါင်မုန့်ကိုပလုတ်ပလောင်းစားရင်းဖြင့်
"စက်ပိတ်ထားတယ်ဆိုလည်းခေါ်မနေနဲ့တော့လေ......နင်ခေါ်တာအကြိမ်ပေါင်းမနည်းတော့ဘူး"ဆိုကာနို့အေးဘူးလေးကိုကိုင်ပြီးမော့ချလိုက်သည်၊၊

ယမင်းလည်းလက်လျှော့ကာသူ့ဖုန်းလေးကိုစားပွဲပေါ်ပစ်တင်လိုက်ပြီး
"သူငါ့ကိုတကယ်ပြတ်နိုင်သွားပြီထင်တယ်
ဟင့်....ငါကဒီတိုင်းစိတ်တိုလို့ပြောနေကျပဲလေ
အခုတော့သူကအတည်လိုက်ပြီလား"မျက်ရည်တွေစီးကျကာပြောလေသည်၊၊

သွန်းလည်းတစ်သျှူးထုပ်ကိုယမင်းရှေ့ချပေးကာ"ငိုမနေနဲ့တော့.....နင်တို့ဒီလိုပဲရန်ဖြစ်လိုက်တည့်လိုက်နဲ့တွဲလာတာတစ်နှစ်ပဲပြည့်တော့မယ်.....ဘာမဟုတ်တာလေးနဲ့မပြတ်လောက်ပါဘူးဟာ"

ယမင်းတစ်သျှုးလေးတစ်ရွက်ထုတ်လိုက်ကာနှာချေးညစ်လိုက်ပြီး
"ဒီတစ်ခါငါပြောတာတွေလွန်သွားတယ်ဟ
ငါသူနဲ့မပြတ်နိုင်ဘူးဟာ"

"ဒါဆိုရင်နင်ဆင်ကျင်သင့်တာဆင်ကျင့်လေ
အပေါင်းအသင်းနဲ့လျှောက်လည်လည်းနင်ရန်ဖြစ်မယ်စိတ်ကောက်မယ်
ဂိမ်းဆော့ရင်လည်းနင့်ကိုပစ်ထားတယ်ဆိုပြီးစကားများကြမယ်
ဘာမဟုတ်တဲ့ပြသနာသေးသေးလေးဆိုအလျှော့ပေးသင့်ပေးရမယ်လေ
ရန်ဖြစ်တိုင်းပြတ်မယ်ပြောတာနင့်နိုင်ကွက်လို့ထင်တာလည်းရပ်သင့်ပြီ"သွန်းပြောရင်းယမင်းထမင်းချိုင့်လေးကိုဖွင့်ပေးလိုက်လေသည်၊၊

ယမင်းလည်းပါးပြင်ထက်မျက်ရည်စလေးတွေဖြင့်ဇွန်းနဲ့ဟင်းနည်းနည်းခပ်ကာထမင်းတစ်လုပ်ကိုပါးစပ်ထဲထည့်လိုက်လေသည်၊၊

သွန်းလည်းဖုန်းကိုထုတ်လိုက်တော့....

သူမဆီက5 Missed call ကိုတွေ့ရသည်၊၊Silentလုပ်ထားတာမို့အသံကလည်းမကြားမိပေ၊၊ဒါနဲ့ပဲသွန်းချက်ချင်းသူမကိုဖုန်းပြန်ခေါ်လိုက်လေသည်၊၊

"Hello"

"Helloအမ.....
break timeလွှတ်တည်းကအမကိုဖုန်းခေါ်မလို့ပဲယမင်းစိတ်အခြေအနေမကောင်းတာမို့အဖော်လုပ်ပေးနေတာနဲ့ပြီးတော့silentလုပ်ထားမိတော့အမခေါ်တာညီမမကြားမိလိုက်တာ ဆောရီးပါနော်...."

Right PersonWhere stories live. Discover now