စာစဥ် ၁၊အပိုင်း၁

2K 87 3
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 1

အပိုင်း - 1

ချင်းမင် မျက်လုံးဖွင့်ကြည့်လိုက်သည်။ တန်ဖိုးကြီး အသုံးအဆောင် အပြင်အဆင်များနှင့် ပြည့်နှက်နေသည့် ဇိမ်ခံ အခန်းတစ်ခု။ သူ တစ်ခဏမျှ ကြက်သေသေသွားသည်။ ထို့နောက် နာကျင်နေသည့် ရင်ဘတ်အား လက်ဖြင့် အသာဖိရင်း ထထိုင်လိုက်သည်။

" ငါ သေသွားပြီ မဟုတ်ဘူးလား..."

ချင်းမင်၏ စိတ်ထဲတွင် လှပသလောက် အလွန် ကြောက်စရာကောင်းလှသည့် မိန်းမ တစ်ယောက်၏ ပုံရိပ်က ပေါ်လာသည်။ သူ၏ မျက်လုံးများထဲတွင်တော့ ကြီးစွာသော အမုန်းတရားတို့က ပြည့်နှက်လျက်။

သူသည်ကား ဂုဏ်သိက္ခာကြီးမြတ်သည့် အဆင့် 9 ဆေးသူတော်စင် တစ်ယောက်ဖြစ်ခဲ့၏။ သို့သော် သူနှင့် အနီးစပ်ဆုံး မိန်းမ တစ်ယောက်က သူ့အား အမှန်တကယ်ပင် သတ်ခဲ့လေသည်။

ထို မိန်းမက သူ ဆေးနတ်ဘုရား အဆင့်သို့ ချိုးဖျက်တက်လှမ်းကာ ဆေးနတ်ဘုရား ခန္ဓာကိုယ်အား သန့်စင်တည်ဆောက်နေသည့် အထွတ်အထိပ် နောက်ဆုံးအချိန်တွင် သူ့အား အဆိပ်ခတ်ခဲ့သည်။ ဤ အမုန်းတရားအား သူ့တစ်သက်စာ မေ့နိုင်လိမ့်မည် မဟုတ်ချေ။

" ဒါ ဘယ်နေရာလဲ..."

ချင်းမင် က ရင်းနှီးသလိုလို မရင်းနှီးသလိုလို ဝိုးတဝါးခံစားမိနေသည့် အခန်းအား စူးစမ်းနေမိသည်။ သို့သော် သူ့မှတ်ဉာဏ်များထဲတွင် ယခုရောက်နေသည့် နေရာမှာ မည်သည့်နေရာဖြစ်နေမှန်း ရှာမတွေ့ချေ။

ထိုအခိုက်တွင် ရုတ်တရက် အခန်းတံခါးက ပွင့်လာပြီး အသက် သုံးဆယ် အရွယ် လှပသည့် အမျိုးသမီး တစ်ဦးက လက်ထဲတွင် ဖလားခွက်တစ်ခုကို ကိုင်ထားလျက် အခန်းတွင်းသို့ ဝင်လာသည်။

ဝင်လာနေသည့် အမျိုးသမီးအား ကြည့်ကာ ချင်းမင် တစ်ယောက် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေမိ၏။

" အမေ....."

ပူနွေးသည့် မျက်ရည်စီးကြောင်း နှစ်ခုက သူ၏ ပါးပြင်ပေါ်သို့ ဖြတ်သန်းသွားသည်။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now