အပိုင်း-79

329 23 0
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 4

အပိုင်း - 79

ချင်းမင်က သူ့အခန်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်နေလေသည်။ စိတ်ဝိညာဉ်ချီများက သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းထား၏။

သူ့အဖေနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် သူ့အခန်းသို့ ပြန်ခဲ့ကာ လေ့ကျင့်နေခြင်းဖြစ်သည်။ ကျင့်ကြံခြင်းကား သူ၏ နေ့စဉ်လုပ်ရမည့် အလုပ်ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

သူက ကျိဝူကဲ့သို့ ဘာမဟုတ်သည့် လက်ထောက်မှော်ဆေးပညာရှင်လေးတစ်ယောက်ကို အနိုင်ယူလိုက်နိုင်ရုံမျှနှင့် ကျေနပ်အားရခြင်း မရှိပေ။

သူ၏ ရည်မှန်းချက်က သိုင်းနတ်ဘုရားအဆင့်သို့ ရောက်ရှိရန် မဟုတ်ပါလား။ သူ့ရည်မှန်းချက်သို့ ရောက်ရှိရန်အတွက် အချိန်ကိုအကျိုးရှိရှိ အသုံးချကာ လေ့ကျင့်နေသည်က အကောင်းဆုံး ဖြစ်သည်။

ချင်းမင် ကျင့်ကြံနေစဉ်တွင် ပုံရိပ် ၂ ခုက ချင်းမင်၏ နတ်ဘုရားစိတ်အာရုံအတွင်းသို့ ဝင်ရောက်လာကြသည်။

သူ့လို ဆေးနတ်ဘုရားတစ်ပါးအတွက် ရန်သူများက သူ့ နတ်ဘုရားအာရုံအတွင်းမှ လွတ်မြောက်သွားဖို့ဆိုသည်မှာ အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

တစ်ချိန်တည်းတွင် သူ့ဘေးတွင် ရပ်နေသည့် အကြီးအကဲချင်ကလည်း ရန်သူများ ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သည်။

" ဘယ်သူလဲ.."

အကြီးအကဲချင်က အော်မေးလိုက်၏။

ယခုအချိန်သည် ချင်းမင် လေ့ကျင့်နေခြင်း၌ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အချိန်ဖြစ်လေသည်။ ထို့ကြောင့် တစ်စုံတစ်ခု မှားယွင်းသွားခဲ့ပါက ယနေ့ ချင်းမင် ကြိုးစားထားသမျှ အလကား ဖြစ်သွားပေလိမ့်မည်။

ချင်းမင်က ထိုလူ ၂ ယောက်၏ အရှိန်အဝါများကို စစ်ဆေးကြည့်ပြီးလျှင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ရန်သူများက အခုမှ သိုင်းအရှင် အဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလား။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now