အပိုင်း-168

234 21 0
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 9

အပိုင်း - 168

ချင်းမင်က သူ့အား စစ်မာကလန်နှင့် ပတ်သက်၍ ဖြေရှင်းနိုင်သည်ဟု ပြောခဲ့သည် မဟုတ်ပါလား။ ချင်းမင်က ဖြေရှင်းနိုင်သည်ဟု ပြောမှတော့ အမှန်တကယ် ဖြေရှင်းနိုင်၍သာ ဖြစ်ပေမည်။

ချင်းမင်၏ စကားများအရ စစ်မာကလန်က ပြသနာမဟုတ်ဟု ဆိုလေရာ အမှန်တကယ်လည်း ပြသနာတစ်ခု မဖြစ်နိုင်ချေ။

ထို့ကြောင့်လည်း အကြီးအကဲချင်တစ်ယောက် ထိုကိစ္စနှင့် ပတ်သက်ပြီး များစွာ စိတ်ပူမိခြင်း မရှိခဲ့။ ချင်းခေါင်းဆောင်၏ အထူးတလည် ဖိတ်ကြားခဲ့ခြင်းသာ မရှိပါက သူက ဤအစည်းအဝေးသို့ တက်ရောက်ခဲ့မည် မဟုတ်ပေ။

သို့သော် ယခုတော့ မမျှော်လင့်ပဲ ကြီးမားသည့် လက်ဆောင်ထုပ်ကြီးတစ်ခု ရရှိခဲ့ချေပြီ။ ချင်းမင်ကို မည်သို့ ပြန်ရှင်းပြရတော့မည်နည်း။

အကြီးအကဲချင်တစ်ယောက် ထိုသို့သော အတွေးများနှင့် စိုးရိမ်နေစဉ်မှာပင် အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်က အစည်းအဝေးခန်းမထဲသို့ အလောတကြီး ပြေးဝင်ချလာတော့သည်။

" ခေါင်းဆောင်.၊ ခေါင်းဆောင်..၊ သတင်းကောင်းပါခင်ဗျာ..၊ တကယ့်ကို သတင်းကောင်းကြီးပါ.."

အနက်ဝတ်လူငယ်လေးက အစည်းအဝေးခန်းထဲသို့ ရောက်ရောက်ချင်း ကျယ်လောင်စွာ ဝမ်းသာအားရ အော်ဟစ်လိုက်၏။

" ဟုကျီ...ဘာသတင်းကောင်းမို့ အဲ့လောက်ကြီးပျော်နေရတာလဲ..၊ မြန်မြန်ပြောစမ်း.."

အကြီးအကဲချင်အား ကူညီပေးပါရန် တောင်းပန်နေသည့် ချင်းယွမ်တစ်ယောက် သတင်းကောင်းဟု ကြားသည်တွင် ချက်ချင်း မေးလိုက်သည်။

အခြားသော ချင်းမိသားစုဝင်များမှာလည်း သတင်းကောင်း ဟူသည့် အသံအား ကြားသဖြင့် ဟုကျီ ဟု ခေါ်သည့် လူငယ်လေးအား လှမ်းကြည့်လိုက်ကြသည်။

" စစ်..စစ်မာကလန်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီတဲ့..၊ ခေါင်းဆောင်..၊ ကျနော်တို့အခု ဘေးကင်းသွားပြီဗျ..၊ ကျနော်တို့ ချင်းမိသားစုတစ်ခုလုံး အခု ဘေးကင်းလုံခြုံသွားပြီ သိလား.."

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now