အပိုင်း-133

260 18 0
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 7

အပိုင်း - 133

ချင်းမင်၏ စကားကိုကြားတော့မှ ချင်းယွမ်၏ မျက်မှောင်ကြုတ်နေသည့် မျက်ခုံးတို့မှာ ပြေလျော့သွားတော့သည်။ သူ့သားက ထိုကိစ္စနှင့်ပတ်သက်ပြီး အလွန်အမင်း ယုံကြည်မှု ရှိနေဟန်တူ၏။ သူ့သားက ထိုမျှအထိ ယုံကြည်မှု ရှိနေလေရာ ဖခင်ဖြစ်သည့် သူက သူ့သားအား ယုံကြည်ပေးရမည်။

အခြားအရာများက အဆုံးရှုံးခံ၍ရနိုင်သော်လည်း ယုံကြည်မှုသည်ကား အဆုံးရှုံးခံ၍ရနိုင်သည့် အရာ မဟုတ်ပေ။

သူ့သားက လျစ်လျူရှုထားရန် ဆိုလာမှတော့ သူကလည်း ဝမ်မိသားစုအား လျစ်လျူရှုလိုက်ပေမည်။

ထို့ပြင် ချင်းမိသားစု မြို့တော်ဝန်ဖြစ်လာခဲ့သည်မှာ မကြာသေးပေ။ ထို့ကြောင့် ဝမ်မိသားစုအား အခက်အခဲတွေ့အောင် လုပ်၍ မသင့်တော်ချေ။ မြို့တော်ဝန် ဖြစ်ဖြစ်ချင်း ဝမ်မိသားစုအား တိုက်ခိုက်လိုက်ပါက အခြားသော မိသားစုငယ်လေးများအား ခြောက်လှန့်လိုက်သလို ဖြစ်သွားချေလိမ့်မည်။

မြို့တော်ဝန်ရာထူးအား တည်ငြိမ်အောင် ထိန်းသိမ်းထားလိုသည်ဆိုပါက အဆိုပါ မိသားစုငယ်လေးများအား မှီခိုအားထားရန် လိုအပ်လေသည်။

" အဖေ..၊ ကျန်တဲ့ ကိစ္စသေးသေးလေးတွေကိုတော့ အဖေ့ဟာ အဖေပဲ ကြည့်ရှင်းလိုက်တော့...။

အခု အရေးအကြီးဆုံး ကိစ္စကို သွားကြရအောင်..၊ မနေ့က အဖေပြောတဲ့ အဆင့် ၂ သံမဏိတိမ်တိုက် သတ္တုတွင်း ကိစ္စကရော အခြေအနေ ဘယ်လိုရှိလဲ.."

ချင်းမင်က သတ္တုတွင်းနှင့် ပတ်သက်ပြီး မေးလိုက်သည်။

ကျန်သည့် အရေးမပါလှသော ကိစ္စလေးများကိုတော့ သူအဖေ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ချင်းမင် ယုံကြည်လေသည်။ ထို့ကြောင့် သူက သတ္တုတွင်းနှင့် ပတ်သက်ပြီး မေးလိုက်ခြင်းဖြစ်သည်။

ယခုလက်ရှိအချိန်တွင် ချင်းမိသားစု၏ အခြေခံအုတ်မြစ်နှင့် လျူမြို့တစ်မြို့လုံးအား ကိုင်လှုပ်နိုင်သည့် တစ်ခုတည်းသော အရာဟူ၍ အဆိုပါ သတ္တုတွင်း ကိစ္စသာ ရှိတော့၏။ ချင်းမင်က အဆိုပါ သတ္တုတွင်း ကိစ္စအား တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းချင်နေမိသည်။ သို့မှသာ သူ၏ ကိုယ်ပိုင် လျှို့ဝှက်အင်အားကို တည်ဆောက်နိုင်မည် ဖြစ်သည်။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now