အပိုင်း-160

233 20 0
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 8

အပိုင်း - 160

" ဖယ်စမ်း..."

အဖိုးအို၏ ခန္ဓာကိုယ်က စစ်မာကလန်မှလူများ၏ လက်ချက်နှင့် ဘေးသို့ လွင့်ထွက်သွား၏။ အဝတ်စတစ်ခုသဖွယ် လေထဲသို့ မြောက်တက်သွားကာ မြေပေါ်သို့ ပြုတ်ကျသွားလေသည်။

" ဘယ်သူငါ့ကို တွန်းလိုက်တာလဲ.."

အဖိုးအိုက မှိတ်ထားသည့် မျက်လုံးများကို ဖွင့်ကာ စစ်မာကလန်မှ လူများအား လှမ်းကြည့်လိုက်သည်။

စစ်မာကလန်မှလူများမှာကား အဖိုးအို၏ မေးခွန်းအား ပြန်မဖြေကြပေ။ အဖိုးအိုကိုပင် ဆက်လက်ကန်ကျောက်ရန် ထွက်လာကြသည်။

ဘေးမှ လမ်းသွားလမ်းလာ ခရီးသွားများကလည်း အဆိုပါမြင်ကွင်းအားကြည့်ကာ စုတ်တသပ်သပ်နှင့် ရှိနေကြတော့၏။ သူတို့တတ်နိုင်တာ ဘာမှ မရှိဘူးမဟုတ်ပါလား။ ခရီးသွားများမှာ စိတ်မကောင်းစရာမြင်ကွင်းအား မကြည့်ရက်ကြသဖြင့် မျက်နှာလွှဲလိုက်မိကြသည်။

ယနေ့တော့ ဤနေရာတွင် အဖိုးအိုတစ်ဦးခမျာ လူအများ၏ ဝိုင်းဝန်းကန်ကျောက်မှုကြောင့် သေဆုံးသွားရပေတော့မည်။

အဖိုးအို၏ ကိုယ်ပေါ်သို့ စစ်မာကလန်မှလူများ၏ ခြေထောက်များက မညှာမတာ ကျရောက်လာကြသည်။ သို့သော် အဖိုးအိုအား ကန်ကျောက်ထိုးကြိတ်နေကြသည့် စစ်မာကလန်မှ လူများ၏ အမူအရာတို့မှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားကြ၏။ သူတို့ ကန်ကျောက်နေရသည်မှာ လူတစ်ယောက်နှင့် မတူပဲ ကျောက်တုံးတစ်တုံးအား ကန်ကျောက်နေရသည်နှင့် ပိုတူနေသည်ဟု ခံစားနေရသောကြောင့်ပင်။

ထို့ကြောင့် ခြေထောက်များအား ပြန်ရုတ်ရန် ပြင်လိုက်ကြသည်တွင် ရုတ်တရက် ခြေထောက်များက အဖိုးအို၏ ခန္ဓာကိုယ်နှင့် မြဲမြံစွာ ကပ်တွယ်နေသကဲ့သို့ ပြန်နှုတ်၍ မရကြတော့ပေ။ မည်မျှပင် ကြိုးစားကြိုးစား အဖိုးအို၏ ကိုယ်ပေါ်မှ ၎င်းတို့၏ ခြေထောက်များကို ပြန်မနှုတ်နိုင်ကြတော့။ မမြင်နိုင်သည့် စွမ်းအားတစ်ခုက သူတို့ခြေထောက်များကို မနှုတ်နိုင်အောင် စွဲကပ်ထားသည့်အလားပင်။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now