အပိုင်း-92

298 25 0
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 5

အပိုင်း - 92

" နည်းလမ်းတွေကတော့ အများကြီးပဲ..၊ ဒါပေမယ့် အလွယ်ဆုံးနည်းလမ်းကတော့ ကျနော်ပြောခဲ့သလို အကျိုးအမြတ်ပေးဖို့ပဲ..။

သူတို့ ကျေနပ်လောက်မယ့် အကျိုးအမြတ်မျိုးသာ ပေးနိုင်မယ်ဆိုရင် သိုင်းအရှင်အဆင့်လို သေးသေးနုပ်နုပ် ပညာရှင်တွေမပြောနဲ့ သိုင်းဘုရင်တွေ၊ သိုင်းအင်ပါယာတွေတင်မကဘူး၊ သိုင်းသူတော်စင်တွေကိုတောင် ကျနော်တို့ကို ကူညီပေးဖို့ ဖိတ်ခေါ်လို့ရတယ်.."

ချင်းမင်၏ လေသံက ကျွမ်းကျင်ပိုင်နိုင်နေသည့်နှယ်။

သူ့အတိတ်ဘဝတုန်းက ယခုကဲ့သို့ပင် သိုင်းပညာရှင်များကို အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်စုဆောင်းခဲ့ဖူး၏။ ထိုပညာရှင်များအထဲတွင် သိုင်းဘုရင်များ၊ သိုင်းအင်ပါယာများနှင့် သိုင်းသူတော်စင်များပင် ပါဝင်ခဲ့သည်။

ထို့ကြောင့် ယခုလို သိုင်းပညာရှင်များအား စုဆောင်းဖိတ်ခေါ်သည့် ကိစ္စနှင့် ပတ်သက်၍ ချင်းမင်အနေနှင့် ကောင်းကောင်းကြီးသိထားလေသည်။

ပုံမှန်အားဖြင့် ပညာရှင်များကို ဖိတ်ခေါ်စုဆောင်းရာ၌ မအောင်မြင်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ

ပထမအချက်အားဖြင့် တစ်ဖက်လူ ကျေနပ်နိုင်လောက်သည့် အကျိုးအမြတ်မျိုးနှင့် မကမ်းလှမ်းနိုင်သောကြောင့် ဖြစ်လေသည်။

ဒုတိယအချက်အနေနှင့် ပြောရလျှင် ဖိတ်ခေါ်သူ၏ ဂုဏ်ပုဒ် အဆင့်အတန်းက လုံလောက်အောင် မြင့်မားခြင်း မရှိသောကြောင့် ဖြစ်သည်။

လုံလောက်သည့် ဂုဏ်ပုဒ် အဆင့်အတန်းမရှိပါက မိမိ ဖိတ်ခေါ်လိုသည့် ပညာရှင်နှင့် တွေ့ခွင့်ရရန်ပင် အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။ ဖိတ်ခေါ်ရန်မူကား ဝေးစွ။

" အခုအခြေအနေမှာ အဖေတို့အတွက် အရေးအကြီး‌ဆုံးက အချိန်ပဲ..၊ မြန်မြန်လုပ်မှ ဖြစ်မယ်ထင်တယ်.."

ချင်းယွမ်က ပြောလိုက်သည်။

ချင်းမင်ကလည်း သေချာနေသည့်ဟန်နှင့် ပြန်ပြောသည်။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now