အပိုင်း-32

483 51 0
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 2

အပိုင်း - 32

ချင်းမင်က အဆိုပါ အနက်ရောင် ဝတ်စုံနှင့်လူငယ်အားကြည့်ကာ အထင်သေးစွာ ပြောလိုက်သည်။

" သိုင်းသခင် အဆင့်လေးပဲ မဟုတ်ဘူးလား..၊ ဘာတွေများ ကြီးကျယ်ထူးခြားနေလို့လဲ.."

မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်းမင်၏ အရှိန်အဝါများမှာလည်း သိုင်းစစ်သည် အဆင့် 5 သို့ ‌ပြောင်းလဲသွား၏။

" ဘာ....၊ ငါတို့သခင်လေးက သိုင်းစစ်သည် အဆင့် 5 ကိုတောင် ရောက်သွားပြီလား..၊ ငါ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်..."

" အင်း..ဟုတ်တယ်. မင်း အမြင်မှားနေတာမဟုတ်ဘူး..၊ သခင်လေးက သိုင်းစစ်သည် အဆင့် 5 ကို ရောက်သွားပြီ..၊ ငါတို့သခင်လေးက တကယ့် ပါရမီရှင်ပဲကွ.."

ချင်းမိသားစုမှ လူငယ်များမှာ ချင်းမင်အားကြည့်ကာ စိတ်လှုပ်ရှား ပျော်ရွှင်နေကြလေသည်။

လွန်ခဲ့သည့် 2 ရက်တုန်းက ချင်းမင်၏ ကျင့်ကြံမှုအဆင့်သည် သိုင်းစစ်သည် အဆင့် 1 တွင်သာ ရှိသေး၏။ သို့သော် ယခုတွင် သိုင်းစစ်သည် အဆင့် 5 သို့ ရောက်နေချေပြီ။

ချင်းမိသားစု၏ သခင်လေးဖြစ်သည့် ချင်းမင် အစွမ်းထက်လာခြင်းသည် နောင်အနာဂါတ်၌ ၎င်းတို့ ချင်းမိသားစု အစွမ်းထက်လာနိုင်ခြင်းနှင့် တိုက်ရိုက်အချိုးကျ၏။

" အဟက်.."

မမလေးချန်းက အထင်သေးစွာ ရယ်မောလိုက်သည်။

" နင်က အခုမှ သိုင်းစစ်သည် အဆင့် 5 မှာပဲ ရှိသေးတာ..၊ ငါ့အစ်ကိုက သိုင်းသခင်အဆင့် ရောက်နေပြီဟဲ့..၊ နင့်လို သိုင်းစစ်သည်အဆင့်မျိုးကို ငါ့အစ်ကိုက အယောက် တစ်ရာ ပေးချလို့ ရတယ် သိလား.."

" ဟုတ်လား..၊ အဲ့ဒီတော့........"

ချင်းမင်က သူ၏ အိတ်ကပ်ထဲမှ မြစိမ်းရောင် ဆေးလုံးတစ်လုံး ထုတ်ယူလိုက်ပြီး ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။

ထိုဆေးလုံးသည် သူ မနေ့က ဖော်စပ်ခဲ့သည့် မည်သည့် ဆေးစွမ်းအာနိသင်မျှ မပါသော ဆေးလုံးဖြစ်လေသည်။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now