အပိုင်း-150

227 21 1
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 8

အပိုင်း - 150

ချင်းမင်၏ အခန်းထဲတွင်....။

အခန်းတစ်ခန်းလုံး ဝိညာဉ်ချီစွမ်းအင်များနှင့် ပြည့်နှက်နေလေသည်။ ချင်းမင်၏ မျက်နှာအမူအရာတို့မှာလည်း နာကျင်မှုကြောင့်ထင့်...။ ရှုံ့မဲ့နေ၏။

ခန္ဓာကိုယ်တစ်ခုလုံး ချွေးသီးချွေးပေါက်များ တတောက်တောက်ကျလောက်အောင် စိုရွှဲနေပြီး သူ့အောက်ရှိ ကြမ်းပြင်မှာလည်း ချွေးရည်စက်များနှင့် အိုင်ပင်ထွန်းနေချေပြီ။

ထိုအခိုက်တွင် ရုတ်တရက် ဝိညာဉ်ချီလှိုင်းတစ်ခုက တုန်ခါသွား၏။ အခန်းထဲရှိ ဝိညာဉ်ချီစွမ်းအင်များအားလုံးမှာလည်း ထိုတုန်ခါသွားသည့် လှိုင်းနှင့်အတူ ချင်းမင်၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး ပြေးဝင်လာကြသည်။ တစ်ခဏမျှကြာလျှင် အခန်းထဲ၌ မည်သည့် ဝိညာဉ်ချီစွမ်းအင်တို့ တစ်စက်တစ်လေမှ ကျန်ရှိမနေတော့။

ချင်းမင်၏ ပုံစံကလည်း သက်တောင့်သက်သာဖြစ်သွားဟန်နှင့် တည်ငြိမ်သွားပြီ ဖြစ်လေသည်။ သူ့ကိုယ်ပေါ်မှ အဝတ်အစားများမှာလည်း လေမတိုက်ပါဘဲနှင့် တဖျပ်ဖျပ် လူးလွန့်နေလေသည်။ ထို့ပြင် ချင်မင်၏ ဆံပင်များမှာလည်း လေထဲတွင် မျောလွင့်လျက် ရှိ၏။

" သိုင်းသခင်အဆင့်.....၊ ဟူး..၊ နောက်ဆုံးတော့ ငါ သိုင်းသခင်အဆင့်ကို ရောက်သွားပြီပဲ..."

ချင်းမင်က မှိတ်ထားသော မျက်လုံးအစုံအား ဖွင့်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းဆီမှ အလင်းရောင်တို့က တဖျပ်ဖျပ် တောက်ပလျက်...။

သိုင်းစစ်သည်အဆင့်မှ သိုင်းသခင်အဆင့်သို့ ရောက်ရှိရန် ၁၀ ကြိမ်တိုင်တိုင် အစအဆုံး ပြန်လည်လေ့ကျင့်ခဲ့ရ၏။ မည်မျှ နာကျင်ခဲ့ရသည်၊ မည်မျှ ခက်ခဲပင်ပန်းစွာ ကြိုးစားခဲ့ရသည်ကို ချင်းမင်မှလွဲလျှင် မည်သူ သိနိုင်ပါအံ့နည်း။

" အင်း..၊ ငါ့အဖေဆီကို ဒီသတင်းကောင်း သွားပြောဦးမှပဲ.."

ချင်းမင်တစ်ယောက် ထိုသို့ တွေးလိုက်ပြီး အခန်းတံခါးအား တွန်းဖွင့်ကာ သူ့အဖေ၏ စာကြည့်ခန်းဆီသို့ သွားလိုက်သည်။ လတ်တလောအတွင်း သူက အခန်းပိတ်ကျင့်ကြံနေခဲ့သည်ဖြစ်ရာ အစားအသောက်ကိုပင် အပြင်မှ ပို့ပေးခဲ့ရ၏။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now