Chapter 1

174 18 1
                                    

မနက်ခင်းရဲ့နေရောင်ခြည်လေးဟာပြတင်းပေါက်ရဲ့ခန်းဆီးလိုက်ကာကနေတစ်ဆင့်ကုတင်ပေါ်တွင်လဲလျောင်းနေသောကောင်လေးပေါ်သို့ဖြာကျလာသည်။

YoungHoonနိုး​ေနသော်လည်းကျောင်းပိတ်ရက်ဖြစ်နေသည့်အတွက်ကြောင့်မထသေးဘဲခနလောက်လှဲနေလိုက်သည်။သိပ်မကြာလိုက်.........

ဒေါက်......ဒေါက်........

အခန်းတံခါးခေါက်သံကြားသဖြင့်YoungHoonအိပ်ယာပေါ်မှထကာသွားဖွင့်ပေးလိုက်သည်။ဖွင့်လိုက်တော့မြင်လိုက်ရသည့်သူမှာအခြားသူမဟုတ်YoungHoonရဲ့အိမ်တော်ထိန်းLeeပင်ဖြစ်သည်။

"ဘာကိစ္စရှိလို့လဲမသိဘူး"

"သခင်မကြီးကဒီနေ့Companyအစည်းအဝေးရှိလို့သခင်လေးကိုလာနှိုးခိုင်းလိုက်လို့ပါပြီးတော့အောက်မှာမနက်စာတူတူစားမလို့အမြန်ပြင်ဆင်ခိုင်းလိိုက်လို့ပါ"

"အော်...သိပြီလာခဲ့မယ်လို့ပြောပေးပါ"

"ဟုတ်ကဲ့ပါသခင်လေး"

YoungHoon's pov - ဒီနေ့လည်းပြောသမျှတွေနားထောင်ပြီးလက်မှတ်တွေထိုးပေးနေရဦးမှာလား......ပိတ်ရက်ကြီးကိုအစည်းအဝေးခေါ်ရအောင်လူကိုဘာများထင်နေလဲမသိဘူးနားချိန်ကိုမပေးဘူး

YoungHoonတို့CompanyမှာSaturdayနဲ့Sundayပိတ်သော်လည်းတစ်ခါတစ်ရံအစည်းအဝေးရှိသည့်အခါများတွင်တော့ပိတ်ရက်မှာတောင်ပင်အလုပ်သွားရလေ့ရှိသည်။YoungHoonအတွက်တော့စိတ်ပျက်ဖို့အတော်ကောင်းလှသည်။

မျက်နှာသစ်သွားတိုက်ပြီးရေမိုးချိုးပြီးတော့ပေါ့ပေါ့ပါးပါးဝတ်စုံတစ်စုံပဲရွေးဝတ်လိုက်သည်။ပေါ့ပေါ့ပါးပါးဆိုပေမဲ့အရမ်းကြီးတော့မဟုတ်Companyမှာဆိုတော့ချင့်ချိန်ရတာတွေကရှိသေးသည်။

အကုန်ပြင်ဆင်ပြီးသွားတော့မနက်စာစားရန်YoungHoonအောက်ထပ်ကdining roomထဲကိုဝင်လိုက်သည်။ဒေါ်လေးမီနာကတော့မနက်စာစားဖို့အတွက်အကုန်ပြင်ဆင်ထားပေးပြီးပြီဖြစ်သည်။

YoungHoonလည်းဒေါ်လေးမီနာကိုနားလည်ပါသည်။မိဘများမရှိတော့သည့်တူလေးကိုလည်းအတတ်နိုင်ဆုံးကူညီကာလုပ်ငန်းနှင့်ပတ်သက်သမျှတွေကိုလည်းအကုန်သင်ကြားပေးပါသည်။ဒီအတွက်လည်းဒေါ်လေးကိုYoungHoonစိတ်ရင်းနဲ့ကိုကျေးဇူးတင်မိပါသည်။

My Only One - Bbangkyu (Complete) Where stories live. Discover now