Chapter 12

73 9 0
                                    

ဒီလိုပဲအချိန်တွေတစ်ရွေ့ရွေ့နဲ့ကုန်ဆုံးလာလိုက်တာYoungHoonနဲ့ChangMinတို့တွဲတာတစ်လတောင်ကျော်သွားခဲ့ပြီ။ဒီအတောအတွင်းကတော့ဘာမှထွေထွေထူးထူးမရှိထုံးစံအတိုင်းYoungHoonလေ့ကျင့်ဖို့သွားရင်ChangMinလေးကလိုက်ကူပေါ့။

အတွင်းရေးမှူးMoonနဲ့ကျန်အဖွဲ့သားတွေကတော့YoungHoonနဲ့ChangMinတို့ကိုသဘောတူကြပါတယ်။အငယ်လေးဆိုပျော်လွန်းလို့ထတောင်ခုန်တယ်။အတွင်းရေးမှူးMoonကတော့သခင်လေးချစ်တဲ့သူဘယ်သူမဆိုသူလည်းသဘောတူပါတယ်လို့သာပြောတယ်။

အေးလေChangMinလေးလိုကောင်လေးကိုဘယ်သူကငြင်းနိုင်မှာလဲရုပ်ကလေးချစ်ဖို့ကောင်းသလောက်စိတ်ရင်းစေတနာလေးကပါကောင်းတော့အကုန်လုံးကလည်းချစ်ကြတာပေါ့။

YoungHoonရဲ့ဒေါ်လေးကတော့ပုံမှန်အတိုင်းပါပဲYoungHoonကိုဘာမှသံသယမဝင်မိသလိုYoungHoonခုလိုမျိုးသူငယ်ချင်းတွေနဲ့တူတူပျော်နေတာကိုပဲသူကကျေနပ်နေပါတယ်။ဒါပေမဲ့ကောင်းသောကျေနပ်ခြင်းတော့မဟုတ်။YoungHoonကဒီပုံအတိုင်းပဲဆိုရင်သူထိန်းလို့ပိုလွယ်သွားပြီလို့တွက်ထားလို့ပါ။ဒါပေမဲ့အချိန်အတိုင်းအတာတစ်ခုထိပဲသူအဲ့လိုတွေးနိုင်မယ်ဆိုတာတော့.....KimMinaတစ်ယောက်မသိခဲ့ပါလေ။
................

"Hyungပြီးပြီလား"

"လာပြီကလေးရဲ့"

"​မြန်မြန်လုပ်Hyung.....ChanHeeတို့စောင့်နေလိမ့်မယ်"

ဒီနေ့ကပိတ်ရက်ဆိုတော့ChanHeeကအတွဲလိုက်Dateကြရအောင်ဆိုပြီးပြောတဲ့အတွက်YoungHoonအစောလေ့ကျင့်ပြီးသွားတယ်။ခုလည်းရေချိုးပြီးတော့အောက်ကသူ့ကလေးကလှမ်းအော်နေတော့သူမြန်မြန်အဝတ်အစားဝတ်လိုက်ပြီးအောက်ဆင်းလာလိုက်တယ်။

"ကလေးသွားရအောင်"

"ဟုတ်ကဲ့"
......................

"အော်....ဟိုမှာလာပြီChangMin nahငါတို့ဒီမှာ"

"Sorryနော်ChanHee yahငါတို့နောက်ကျသွားတယ်"

"အေးရပါတယ်ရုပ်ရှင်လည်းမစသေးပါဘူး"

ဒီနေ့အတွဲလိုက်ရုပ်ရှင်ကြည့်ကြမလို့ChanHeeကခေါ်လိုက်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့သူခေါ်ထားတာChangMinတို့အတွဲကိုပဲမဟုတ်ဘဲနဲ့အတွဲမဖြစ်သေးကြတဲ့JuYeonနဲ့JaeHyunကိုလည်းခေါ်ထားတာပါ။သိပ်မကြာလိုက်နှစ်ယောက်သားကရောက်လာတော့......

My Only One - Bbangkyu (Complete) Where stories live. Discover now