Chapter 2

101 16 1
                                    

ဒီနေ့ကျောင်းတက်ရမှာဖြစ်သည့်အတွက်YoungHoonမြန်မြန်ပြင်ဆင်ကာအောက်ထပ်ကိုဆင်းလာလိုက်သည်။ဒေါ်လေးကတော့Companyကိုအစောသွားလိုက်သဖြင့်ဒီနေ့တော့YoungHoonတစ်ယောက်တည်းမနက်စာစားနေရသည်။ဒီနေ့အတွက်မနက်စာကသရက်သီးcakeနှင့်ကော်ဖီ။

YoungHoon's pov - သရက်သီးcakeတဲ့လား...Ommaရဲ့အကြိုက်ဆုံးလေ..

ဒိလိုဘာမြင်မြင်Ommaနဲ့ပတ်သက်တာလေးတွေတစ်စွန်းတစ်စတွေ့မိတိုင်းလွမ်းတဲ့စိတ်ကအရမ်းကိုနှိပ်စက်လွန်းတယ်။မနေ့ကလည်းတွေခဲ့တဲ့ကောင်လေးနဲ့သူ့အမေကိုမြင်ပြီးကတည်းကအိမ်ပြန်ရောက်သည်အထိဝမ်းနည်းတုန်း။YoungHoonသူ့ကိုယ်သူလည်းအားမရပါအမြဲတမ်းပျော့ညံ့နေသည်ဟုခံစားရနေသည်။

မနက်စာကိုမြန်မြန်စားပြီးကျောင်းသွားရန်Driver Leeကိုခေါ်ပြီးထွက်လာလိုက်သည်။မဟုတ်ရင်စားပွဲမှာထိုင်ပြီးဆက်စဥ်းစားနေပါကငိုနေရဦးမည်။

အိမ်ကနေထွက်လာလိုက်တာဘာမှမဖြစ်ကျောင်းနားရောက်ခါနီးကြတော့ရုတ်တစ်ရက်သူ့ကားအရှေ့ကိုဝင်ပြီးဖြတ်ပြေးလာတဲ့ကောင်လေးတစ်ယောက်။Driver Leeမှာကားမောင်းတိုင်းသတိထားမောင်းတာကြောင့်ဘရိတ်အမြန်အုပ်လိုက်သဖြင့်ကောင်လေးကိုတော့မတိုက်မိ။သို့ပေမဲ့ကောင်လေးမှာလန့်သွားသောကြောင့်လဲကျသွားသည်။YoungHoonနဲ့Driver Leeလည်းအလျင်အမြန်ပင်ကားပေါ်မှဆင်းကာကောင်လေးကိုသွားကြည့်လိုက်သည်။YoungHoonတွေ့တော့ထိုကောင်လေးမှာအခြားသူမဟုတ်မနေ့ကတွေ့ခဲ့တဲ့ကလေးပင်ဖြစ်သည်။

YoungHoon's pov - ဟင်...မနေ့ကတွေ့ခဲ့တဲ့ကလေးလေးပါလား......

ChangMin's pov - အော်ငါနဲ့နော်တစ်ကယ်ပဲတော်သေးတယ်မတိုက်မိတာ။ကားပေါ်ကနေလူနှစ်ယောက်တော့ဆင်းလာတာပဲဘယ်သူတွေလဲတော့မသိဘူးငါကမှားတာဆိုတော့ငါကပဲတောင်းပန်ရမှာပေါ့။

"ဟိတ်ကလေးအဆင်ပြေရဲ့လားဘယ်နားထိသွားသေးတုန်း"

ChangMinလည်းချက်ချင်းမထသေးနိုင်တာကြောင့်မေးလာသည့်သူကိုမော့ကြည့်လိုက်သည်။ကျောင်းဝတ်စုံနဲ့အပေါ်ကcoatအမဲရောင်ထပ်ထားသည့်ထိုလူရဲ့အသားအရေကဖြူဖွေးနေတာပဲရုပ်ကလည်းခပ်ဖြောင့်ဖြောင့်နှာတံသွယ်သွယ်ဆံပင်အနက်ရောင်ကလည်းပုံကျစွာတည်ရှိနေသည်။အရပ်အမောင်းကလည်းရှည်လိုက်တာ။တော်တော်ချောတဲ့လူပဲဟုChang​Minတွေးလိုက်သည်။

My Only One - Bbangkyu (Complete) Where stories live. Discover now