Chapter 11

89 9 0
                                    

ဒီနေ့ကကျောင်းဖွင့်ရက်ဆိုတော့ChanHeeနဲ့Sunwooတို့နှစ်ယောက်Canteenမှာထိုင်ပြီးကျန်တဲ့သူတွေကိုစောင့်နေကြတာပေါ့။သိပ်မကြာလိုက်JuYeonရောက်လာသည်။

"Ayo man...မင်းနောက်ကျတယ်နော်"

"အေး..ငါ2နာရီမှအိပ်ရလို့"

"မင်းကမနက်2နာရီမှအိပ်ရအောင်ဘာလုပ်နေလို့တုန်းစာလုပ်နေတာတော့မဖြစ်နိုင်ဘူး"

"ငါJaeHyun sunbaeနဲ့ဖုန်းပြောနေလို့"

"ဟင်.....အာ့ဆိုမင်းတစ်ကယ်လိုက်တော့မှာပေါ့"

"အေးအဲ့လိုပေါ့"

မနေ့ကJuYeonလည်းညရောက်တော့မအိပ်ချင်သေးတာနဲ့JaeHyunကိုဖုန်းဆက်လိုက်တယ်။

"ဟယ်လို...sunbaeကျွန်တော်ပါ"

"အေး...သိတယ်"

"ဘယ်လိုသိတာလဲ"

"မင်းအသံကြီးခွေးဆွဲသွားတောင်ငါမှတ်မိတယ်"

"ဟ ဟ ဟုတ်ပါပြီ"

"ဘာပြောစရာရှိလို့တုန်း"

"ပြောစရာကမရှိပါဘူးဒီတိုင်းSunbaeအသံလေးကြားချင်လို့"

"ကြားပြီးပြီမလားဒါဆိုချပြီ"

"နေ..နေပါဦးSunbaeရဲ့ကျွန်တော်တို့စကားပြောကြမယ်လေနော်....."

JuYeonလည်းJaeHyunနဲ့ဖုန်းပြောချင်သေးတာနဲ့မရှိရှိတဲ့အကြောင်းတွေရှာပြီးတော့ပြောလိုက်တာမနက်2နာရီထိုးသွားတော့တာပေါ့။
.........................

"Hyungရော့...ဒါလေးထည့်စား"

"အင်း...ChangMinကောစားလေ"

"ဟုတ်ကဲ့"

နေ့လည်စာကိုCanteenမှာစားနေကြတုန်းတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်တွေထည့်ပေးနေကြတဲ့YoungHoonနဲ့ChangMinတို့ကိုကြည့်ပြီးအံ့သြနေကြတယ်။ပြီးတော့ChanHeeကSunWooနားနားလေးကိုကပ်ပြီး......

"SunWoo yah...သူတို့နှစ်ယောက်တစ်ခုခုကတစ်ခုခုပဲနော်"

"အေးနော်"

JaeHyunမှ....

"ဟဲ့..မင်းတို့တွေပဲဒီမှာရှိနေတာမဟုတ်ဘူးနော်ငါတို့တွေလည်းရှိတယ်။JiChangMin..မင်းကသူ့ကိုပဲထည့်ပေးပြီးငါ့ကိုကျမထည့်ပေးဘူး။Sunbaeချင်းတောင်ခွဲခြားခွဲခြားနဲ့...."

My Only One - Bbangkyu (Complete) Where stories live. Discover now