Chapter 17

114 11 0
                                    

ကိစ္စတွေလည်းပြီးစီးသွားတော့ညနေမှChangMinကိုYoungHoonအိမ်ပြန်လိုက်ပို့ပေးလိုက်သည်။

"ကလေးအိမ်ထဲဝင်တော့လေ"

"ဟုတ်ကဲ့"

သူတို့နှစ်ယောက်လည်းအပြင်မှာနှုတ်ဆက်နေတုန်းခြံထဲမှChangMin Ommaကရောက်လာပြီး.....

"ဟယ်.....သားYoungHoonမလား"

"ဟုတ်ပါတယ်အန်တီ"

"အော်....သားအချိန်ရသေးရင်အန်တီတို့နဲ့ညစာအတူတူစားပါလား"

"ဗျာ...."

"ဟုတ်တယ်Hyungတူတူစားပါလား"

"ဟုတ်ကဲ့"

"အဲ့တာဆိုအထဲဝင်လေသားတို့"

YoungHoonလည်းChangMinနဲ့အတူအိမ်ထဲဝင်လာလိုက်သည်။ChangMinရဲ့Ommaနဲ့Noonaတို့ဟာYoungHoonအကြောင်းကိုChangMin Appaပြောပြထားသည်မလို့အကုန်သိပြီးကြပါပြီ။သူတို့တွေလည်းYoungHoonအတွက်အတော်လေးပင်စိတ်မကောင်းဖြစ်ကြပါသည်။

မိဘတွေကလည်းဆုံးရှုံးထားရသေးတယ်အဒေါ်ဖြစ်သူကလည်းမကောင်းဆို​တော့YoungHoonဘယ်လောက်တောင်ပင်ပန်းနေလိုက်မလဲ။သူတို့သားChangMinလေးနဲ့YoungHoonတို့ချစ်သူတွေမှန်းသိသွားကြတော့သူတို့ဘယ်စိတ်ဆိုးရက်ပါ့မလဲ။နားလည်ပေးကြပါသည်။

"သားYoungHoonလေးဒါထည့်စားကြည့်"

"ဟုတ်ကဲ့ဗျ"

"Ommaကလည်းHyungသူ့ဟာသူစားပါစေပန်းကန်တစ်ခုလုံးလည်းဟင်းတွေချည်းပဲ"

"ကိုယ်ကရပါတယ်"

ထိုစဥ်ChangMin Noonaလတ်မှ....

"ထည့်ပေးတဲ့ကိစ္စတွေပြီးရင်လည်းစားရအောင်လေ"

ဒီလိုနဲ့YoungHoonလည်းပျော်ရွှင်စရာကောင်းပြီးနွေးထွေးတဲ့ညစာထမင်းဝိုင်းလေးကိုသဘောကျနေမိပါသည်။သူဒီလိုနွေးထွေးမှုမျိုးမရခဲ့သည်မှာကြာပြီလေ။ဒီလိုမျိုးChangMinရဲ့မိသားစုကသူ့ကိုမငြင်းဘဲလက်ခံပေးတာကိုသူအတော်လေးကျေးဇူးတင်မိပါသည်။သူ့အကြောင်းတွေကိုလည်းအကုန်သိပြီးတော့အကုန်နားလည်ပေးသည်။သူကြောင့်ChangMinလေးထိခိုက်မိသွားတာကိုသူအတော်လေးအားနာမိသည်။
ဒါကြောင့်သူစားနေရင်းရုတ်တစ်ရက်......

My Only One - Bbangkyu (Complete) Where stories live. Discover now