Chapter 13

80 10 0
                                    


Companyရှေ့ရောက်တော့YoungHoon အနည်းငယ်ကြောက်နေတဲ့ChangMinလက်လေးကိုကိုင်ကာCompanyထဲဝင်လာလိုက်တယ်။

ChangMinသူ့လက်လေးကိုကိုင်ပြီးခေါ်လာတဲ့YoungHoonကိုကြည့်ပြီးသူဝမ်းသာမိတယ်။ဒါကြောင့်သူလည်းHyungလက်လေးကိုကိုင်ပြီးCompanyထဲကိုအတူတူဝင်လိုက်ကြတယ်။

ဝင်ဝင်ခြင်းမှာတော့YoungHoonကိုဝန်ထမ်းတွေကဦးညွှတ်ပြီးနှုတ်ဆက်ကြတယ်။သူ့ကိုလည်းကျန်တဲ့ဝန်ထမ်းတွေသေချာကြည့်ပြီးတီးတိုးပြောနေကြတာကိုလည်းမြင်လိုက်တယ်။ဒီလိုအေးစက်တဲ့CEOရဲ့သား သခင်လေးကအခုလိုမျိုးကောင်လေးတစ်ယောက်ကိုလက်ဆွဲပြီးCompanyထဲဝင်လာတော့အကုန်လုံးကအံ့သြကြတာပေါ့။

"သခင်လေးရောက်ပါပြီလားသခင်မကြီးအပေါ်မှာစောင့်နေပါတယ်"

"ဟုတ်ပြီ"

သူတို့အပေါ်ထပ်ကိုလည်းရောက်တော့YoungHoonရဲ့အဒေါ်ဖြစ်သူKim Minaမှ......

"အော်...သားရောက်ပြီပဲ"

ပြီးတော့ဘေးမှChangMinကိုတစ်ချက်ကြည့်လိုက်ပြီး......

"သားဒါကဘယ်သူလဲ"

YoungHoonမှာတော့ခပ်တည်တည်ဖြင့်ChangMinပခုံးလေးကိုဖက်လှမ်းဖက်လိုက်ကာ.....

"ကျွန်တော့်ချစ်သူပါ...JiChangMinတဲ့...ကလေးဒါကိုယ့်အဒေါ်လေ"

"ဟုတ်...ဟုတ်ကဲ့"

ChangMinစိတ်ထဲ​တော်တော်လေးလန့်နေမိသည်။Kim Minaရဲ့ရုပ်ကအေးတိအေးစက်ကြီးနဲ့ChangMinကိုကြည့်လိုက်ပြီးအတတ်နိုင်ဆုံးလုပ်ပြုံးကိုပြုံးကာ......

"အော်......သားကလည်းCompanyကိုခေါ်လာရတယ်လို့ဒီနေရာကအလုပ်ခွင်လေ"

"ရပါတယ်ကျွန်တော်လုပ်စရာရှိတာလုပ်ပြီးရင်တူတူပြန်ကြမလို့ပါ"

"အဲ့တာဆိုလည်းစာရွက်စာတမ်းတွေဒီမှာထားခဲ့ပြီနော်"

YoungHoonခေါင်းပဲငြိမ့်ပြလိုက်သည်။Kim Minaကတော့ChangMinကိုအေးစက်စက်အကြည့်နဲ့တစ်ချက်ကြည့်ပြီးထွက်သွားတယ်။

"Hyung.....Hyungအဒေါ်ကကျွန်တော့်ကိုမကြည်ဘူးထင်တယ်"

"မကြည်လည်းနေပေါ့သူဘာတတ်နိုင်လို့လဲ...ကဲခုကိုယ်ခနအလုပ်လုပ်လိုက်ဦးမယ်..ကလေးကကိုယ့်ကိုစောင့်ပေးဦးနော်"

My Only One - Bbangkyu (Complete) Where stories live. Discover now