Chapter 4

77 12 0
                                    

ဒီနေ့ညနေကျောင်းဆင်းပြီးသွားရင်SunWooတို့အဖွဲ့ဘောလုံးကန်ကြမှာဖြစ်ပါတယ်။SunWooရယ်JuYeonရယ်ကျန်တဲ့အခန်းထဲကသူတွေရယ်ကတစ်ခြားအခန်းကသူတွေနဲ့ချိန်းကန်ကြတာဖြစ်ပါတယ်။ဒါဟာရိုးရိုးအပျော်ပွဲသဘောမျိုးကန်ကြတာဖြစ်သော်လည်းလာကြည့်ကြသူများမှာနည်းနည်းနောနောမဟုတ်ပါ။မိန်းကလေးတွေကပိုများနေတယ်ဆိုမှန်ပါတယ်။အကြောင်းကတော့JuYeonကြောင့်ပါ။JuYeonကိုသဘောကျနေကြတဲ့မိန်းကလေးတွေတော်တော်များများကအလယ်တန်းကများပါတယ်။SunWooကတော့စာမှာသာညံ့ချင်ရင်ညံ့မယ်ဘောလုံးကန်တဲ့နေရာမှာအတော်လေးပင်ထူးချွန်တဲ့သူတစ်ဦးပါ။ဒါကြောင့်SunWooရဲ့အရည်အချင်းကိုသဘောကျကြတဲ့တစ်ခြားဘောလုံးဝါသနာအိုးတွေကလည်းလာကြည့်ကြခြင်းဖြစ်ပါတယ်။

"ဝါး........JuYeonတို့နာမည်ကြီးချက်ပဲဟိုမှာကြည့်ဦးဒီဘက်တစ်တန်းလုံးမင်းကိုလာအားပေးကြတဲ့သူတွေချည်းပဲ"

JuYeonမှာပြုံးရုံသာပြုံးပြလိုက်တယ်။

"ဒါနဲ့မင်းချစ်ချစ်နဲ့ChangMinကောမလာသေးဘူးလား"

"စောနကငါဖုန်းဆက်တော့လာနေပြီတဲ့သန့်စင်ခန်းခနဝင်နေလို့ဆိုလား"

"အော်..."

"SunWoo nah~~"

"ပြောရင်းဆိုရင်းရောက်လာပါပြီ"

"Sorryနော်သန့်စင်ခန်းခနဝင်နေလို့ပွဲမစသေးဘူးမလား"

"ရပါတယ်....ခနနေရင်စတော့မှာ....အဲ့တော့မစခင်လေးကိုယ့်ကိုအားရှိသွားအောင်popoလေးပေးပါလား"

"ဟာ....SunWooကလည်းသူများတွေကြည့်နေတာကို"

"အဟမ်း အဟမ်း ဒီမှာငါနဲ့JuYeonလည်းရှိနေတယ်နော်"

"ဘာဖြစ်တုန်းရှိတော့FAတေရှေ့နမ်းရတာပိုတောင်ကောင်းသေးတယ်"

SunWooမှာပြောလည်းပြောChanHeeပါးလေးကိုဖြတ်ခနဲလှမ်းနမ်းလိုက်သည်။ChanHeeမှာတော့ရှက်လွန်း၍ပါးလေးကိုကိုင်ကာခေါင်းကိုအောက်ငုံ့လိုက်သည်။JuYeonနှင့်ChangMinမှာတော့ပြုံးစိစိနှင့်။ကျန်တဲ့ပရိသတ်ဘက်ကမိန်းကလေးတွေကတော့အော်ကြတော့တာပေါ့။"SunHee SunHee"နဲ့။

ဒီလိုနဲ့ဘောလုံးကန်ကြလေသည်ပေါ့နော်

SunWooမှာချစ်သူလေးကိုနမ်းလိုက်ရသည့်အတွက်အားတွေပိုရှိနေသလိုပင်။SunWooတို့အဖွဲ့ထဲမှာလည်းအကုန်လုံးကတော်ကြတော့6ဂိုး4ဂိုးနဲ့SunWooတို့အဖွဲ့ကအနိုင်ရသွားတော့သည်။သူတို့လည်းနိုင်ရောပရိသတ်ဘက်ထဲကမိန်းကလေးတွေကကွင်းထဲထိပြေးလာပြီးJuYeonနဲ့SunWooတို့အဖွဲ့ကိုလက်ဆောင်တွေဝိုင်းပြီးပေးကြတော့တာပေါ့။ChanHeeကတော့SunWooနားမှာကောင်မလေးတွေဝိုင်းနေတာကိုသဘောမကျပေးမဲ့ခုလိုမျိုးသူအနိုင်ရတော့ပျော်နေတဲ့ရုပ်လေးကိုကြည့်ပြီးပီတိတွေဖြာလို့ပေါ့။ပြီးတော့သူတို့နားသွားပြီး.....

My Only One - Bbangkyu (Complete) Where stories live. Discover now