2

302 47 4
                                    

Unicode

အိမ်ဝင်ပေါက်မှာ ရပ်နေသောတည်တံ့သော်ကိုမြင်သည်နှင့် နွယ်တည်တံ့ကအပြေးလာကာနဖူးကိုလာစမ်းတော့သည်။
သူမအရပ်နှင့် တည်တံ့သော်က လေးလက်မမျှသာကွာပေမယ့် ယဥ်ကျေးသမှုနှင့်ခေါင်းငုံ့ပေးလိုက်မိ၏။
ထိုအချက်ကပဲ အံ့သြသွားစေသလားမသိ ..နွယ်တည်တံ့ရဲ့မျက်ဝန်းတို့မှာ မျက်ရည်များရစ်ဝဲလာကာ သူ့ကိုဖက်ပြန်လေသည်။
ပြန်နိုးထလာကတည်းက ဖက်နေတာအတော်များပြီ။
ပုံမှန်ဆို အီစီကလီလုပ်မိမှာဆိုပေမယ့် အခုဟာကြီးကအစ်မတဲ့လား
ဘဝကလည်း ပါးစပ်နားမုန့်ရောက်တာကို ပါးစပ်အနာကြောင့်မစားနိုင်ဆိုသလို...ဘောလိုပဲ!

"ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော်သက်သာနေပါပြီ "

အနောက်ကကောင်လေးကလည်း ရပ်ကြည့်နေရာမှ အသိဝင်လာသလို သူ့ဘေးရောက်လာကာ နွယ်တည်တံ့ကလည်းထိုအပြောကြောင့်ထပ်ပြီးရှော့ခ်ရသွားဟန်။
ဘာတုန်း သူကနှလုံးအားတိုးဆေးလား?
သူတစ်ခုခုလုပ်ပြတိုင်း ဒီလိုလန့်သွားကြတော့မှာလား?

"မူးလဲသွားတာဆို ကိုယ်ကလည်းပြည်ပရောက်နေတော့ချက်ချင်းလာမမေးနိုင်လိုက်ဘူး"

ထိုကောင်လေး အဲ့ ..ဒီဘဝမှာတော့သူ့ထက်ကြီးသည် ၊ ဖုန်းထဲက ဒိုင်ယာရီအရ နွယ်တည်တံ့နဲ့အသက်တူပဲ
နီညိုရောင်suitရယ် အသားရောင်လယ်သာရှူးဖိနပ်ရယ် ဘေးနှစ်ဖက်ကိုရှိတ်ထိုးကာ လှန်တင်ထားသောဆံပင်၊ ဘယ်ဘက်လက်ကောက်ဝတ်ကတန်ဖိုးကြီးနာရီ...
ဒီကောင်လည်းအတော်ချောတာပဲ
အရပ်ကလည်း အရင်ဘဝကသူ့အရပ်လောက်ပဲ
ထိုအချောကောင်လေးက သူ့နားတိုးလာကာစိုးရိမ်...အင်း တကယ်စိုးရမ်တာရောဟုတ်ရဲ့လားမသိ ..ထိုအကြည့်တွေနှင့်ကြည့်လာသည်။

တည်တံ့သော်ဆီမှ သူစိမ်းဆန်မှုအငွေ့အသက်တို့ကြောင့် စက်နေယံမျက်ခုံးတို့မသိမသာတွန့်ချိုးလိုက်မိသည်။ သို့သော် စီးပွားရေးသမားတစ်ဦးပီသစွာ ထိုအခြင်းအရာကတစ်စက္ကန့်ရဲ့သုံးပုံးတစ်ပုံသာကြာလိုက်၏။

တည်တံ့သော်အမူအရာကြောင့် နွယ်တည်တံ့ကသတိရသွားသည့်အလား စက်နေယံရဲ့လက်မောင်းကိုကိုင်ကာ ဝမ်းနည်းမှုအပြည့်ဖြင့်..

Transmigrated Into  Fragile,Cottony Body အလှလေးကိုယ်ထဲသို့ကူးပြောင်းခြင်းWhere stories live. Discover now