9

201 40 6
                                    

Unicode

တည်တံ့သော် ကျောင်းမသွားတာလေးရက်ရှိပြီဖြစ်ကာ လေးရက်စလုံးအခန်းအောင်း၍ ဂိမ်းဆွဲနေခဲ့တာဖြစ်သည်။
လရောင်ဝန်းကို ဒီတစ်ပတ်ကျောင်းပျက်မည်ဟု ကြိုတင်ပြောခဲ့ကာ ဖုန်းကိုလည်း ပါဝါပိတ်ထားခဲ့သည်။
ထို့အပြင် ဆိုင်ခန်းကိစ္စကိုလည်း တစ်ပတ်ဆိုင်းငံ့ပေးထားရန် ပြောထားရပြန်သည်။

လေးရက်မြောက်နေ့ညတွင်တော့  အခန်းတံခါးခေါက်သံနှင့်တစ်ဆက်တည်း နွယ်တည်တံံ့အသံကိုပါကြားရလေ၏။

"မောင်လေး "

အလုပ်ထဲစျာန်ဝင်နေသည့် တည်တံ့သော်က ခေါ်သံကိုမကြား။
သုံးကြိမ်မြောက်တွင်မှကြားလိုက်မိကာ လက်ပ်တော့ကိုအသာပိတ်ကာ နံဘေးရှ်ိစားပွဲပုပေါ်တွင်တင်ပြီးကာမှ တံခါးသွားဖွင့်လိုက်တော့၏။

နွယ်တည်တံ့က နွားနို့တစ်ခွက်ကိုကိုင်ထားကာ မြင်နေကျအတိုင်းအပြုံးတစ်ခုနှင့်ပင်။

တည်တံ့သော်ရဲ့ လက်ရှိပုံစံက မူလအိမ်တော်သခင်လေးရဲ့ပုံစံနှင့်ဆန့်ကျင်ဘက် ဆံပင်ကောက်ပွပွတို့က ရှုပ်ထွေးနေကာ မျက်နှာမှာလည်း မအိပ်ရသဖြင့် မျက်ကွင်းနှစ်ဖက်ကပန်ဒါအလား။
ဒါ့အပြင် အဝတ်အစားကလည်း အနံ့မထွက်သည့်တိုင် တွန့်ကြေနေကာ လေးရက်ဆက်တိုက် သည်အဝတ်အစားပဲဝတ်ထားသလားထင်ရပေ၏။

"မောင်လေး နေမကောင်းတာလား
ကျောင်းလည်းမသွား အခန်းထဲကလည်းမထွက်လို့"

နဖူးပေါ်ရောက်လာသည့် လက်နှင့်အတူ စိုးရိမ်သံက တည်တံ့သော်ကို မည်သို့မျှမခံစားရပေ။
မူလပိုင်ရှင်နှင့်သာသက်ဆိုင်သော အစ်မဖြစ်နေ၍လားတော့မသိ။

တည်တံသော် ခပ်ရေးရေးပြုံးလိုက်ကာ

"ဒီအတိုင်း နည်းနည်းခေါင်းမူးရုံပါ
ကျောင်းကကျ ကျွန်တော်မသွားချင်လို့"

အဆုံးသတ်တိုးဝင်သွားသောအသံက နွယ်တည်တံ့ကို အစွမ်းကုန်အလိုလိုက်ပေးချင်စိတ်ပေါက်စေသည်။

"အဲ့တာကြောင့်ပြောတာပေါ့ မင်းကို
အိမ်မှာပဲသင်ပါဆိုတာကို
သော်လေးအခုတော့ပျင်းနေပြီမလား"

Transmigrated Into  Fragile,Cottony Body အလှလေးကိုယ်ထဲသို့ကူးပြောင်းခြင်းWhere stories live. Discover now