8

224 36 6
                                    

Unicode

တည်တံ့သော် အိပ်မက်မက်နေ၏။
တစ်လောကလုံးက ပိန်းပိတ်အောင်မှောင်နေပြီး လေးဘက်လေးလံကနံရံများကာရံထားသလို...
အစကိုလည်းမမြင်ရ အဆုံးသည်လည်းဘယ်နားဝယ်မသ်ိ...
ဒါဟာ အိပ်မက်ဆိုတော့ကွဲပြားစွာသိနေသည်က တော်သေးသည်ဆိုရမည်။

ကြောက်လန့်မနေဘဲ ရောက်တဲ့နေရာမှာထိုင်ချပစ်လိုက်တော့သည်။
ဟုတ်တယ်လေ အပင်ပန်းခံပြီးထွက်ပေါက်ရှာမနေပါဘူး။
နိုးရင် သူ့ဘာသာလွတ်သွားလိမ့်မည်။

ဒါပေမယ့် အိပ်မက်နတ်ဆိုးက သူ့ကိုအားယားမနေစေချင်ဘူးထင်ပါရဲ့။
အလင်းရောင်တစ်စကိုပေးလာသည်။
ဇာတ်ကားတွေထဲကအတိုင်း ထိုအလင်းရောင်နောက်လိုက်ခဲ့ပါရန်ခေါ်ဆောင်နေသလိုမျိုး.....

ဒါကိုလည်း တည်တံ့သော်ဝမ်းသာမနေပါ။
တည်တံ့သော်သည် အချဥ်မဟုတ်။
ထိုင်နေရာကနေ လှဲအိပ်ချလိုက်သည်။

အိပ်မက်ကတောင် သူ့ကြောင့် ရူးချင်သွားသည်။
ဒီလူသားက ဘယ်လိုဟာတုန်း?$%&@
အလင်းပေးရုံ အားမရလို့ အသံပါပေးလာသည်။
သည်တစ်ကြိမ်တွင်တော့ တည်တံ့သော်ကိုနှိုးဆွနိုင်လိုက်ဟန်တူ၏။

"အကို....."

ဟမ် ဘယ်ကအကိုတုန်း?

မျက်လုံးတို့ကိုမှိတ်ထားကာ အိပ်ချင်ယောင်ဆောင်နေဆဲ...
အိပ်ချင်ယောင်ဆောင်တာထက် အိပ်ပျော်ဖို့ကြိုးစားနေခြင်း။

"အကို .."

ဒီတစ်ခါတော့ အသံတင်မဟုတ် ပုခုံးကိုပုတ်လိုက်သော အထိအတွေ့တစ်ခု...။
တည်တံ့သော် မျက်လုံးဖွင့်ကာ မတ်တပ်ရပ်လိုက်သည်။
သူ့ အရှေ့မှာရပ်နေတဲ့.....

"တည်တံ့သော်?"

ဟုတ်ပါ၏။ သူ့အရှေ့တွင်ရပ်နေသည်က အခုသူဝင်ရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် တည်တံ့သော်။
အလင်းရောင်ကတစ်စထက်တစ်စကျယ်ပြောလာသည်နှင့်အမျှ အရာအားလုံးကိုထင်းလင်းစွာ မြင်လာရသည်။

သူကတော့အရင်ဘဝကခန္ဓာကိုယ်နှင့်ဖြစ်နေပြီး မူလတည်တံ့သော်ထက် ခေါင်းတစ်လုံးစာမျှပိုမြင့်တာကြောင့် အရှေ့က ဆင်စွယ်ရောင်ချည်ဝမ်းဆက်နှင့်ကောင်လေးကိုတွေ့လိုက်ရသည်။

Transmigrated Into  Fragile,Cottony Body အလှလေးကိုယ်ထဲသို့ကူးပြောင်းခြင်းWhere stories live. Discover now