13

141 21 3
                                    

မနက်ခြောက်နာရီခွဲနိုးစက်မြည်သံနှင့်အတူ တည်တံ့သော်နိုးလာသည်။
ပျင်းကြောတစ်ချက်ဆွဲလိုက်ပြီး မျက်လုံးတို့ကိုဖွင့်လိုက်တော့ ..

အမယ်လေးဗျ!

စာကြည့်စားပွဲကထိုင်ခုံကို ကုတင်ဘေးနားယူထိုင်ကာ ဗီဒိုအပုလေးပေါ် လက်တစ်ဖက်တင်ထားပြီး ကျန်လက်တစ်ဖက်က တင်ပလင်ချိတ်ထိုင်ထားသောဒူးပေါ်တင်လျက် သူ့ကိုစိုက်ကြည့်နေသော စက်နေယံ။

မနက်ခြောက်ခွဲဆ်ိုသောအချိန်က တကယ်တော့ တည်တံ့သေည်အတွက်အတော်ကိုစောတယ်ပြောရမယ်။
ဒါပေမယ့် အိမ်ကြီးရှင်တွေနဲ့မတွေ့ချင်၍ ကျောင်းကိုအစောသွားရန် နှိုးစက်ပေးထားခြင်းသာ။

ဒါကို ဒီလူကဘယ်အချိန်ကတည်းကထနေတယ်မသိ ။
မျက်နှာသစ်ပြီးသွားပြီဆိုကြောင်း နဖူးပေါ်ကဆံစအချို့ ရေစိုနေခြင်းကသက်သေ။

"သော်က အစောထတာပဲ"

တင်ပလင်ချိတ်ထားတာကို ​ဖြည်ချပြီး ပက်လက်ကလေးဖြစ်နေသေးသော တည်တံ့သော်အပေါ် အုပ်မိုးလာကာ စက်နေယံရဲ့လက်ဖမိုးတစ်ဖက်က သူ့ပါးကိုပွတ်သပ်လာသည်။

အလိုက်မသိတဲ့နှလုံးက အခုန်မြန်ပြန်ပြီ။

ထိုလက်ဖမိုးဆီကနေ မသိမသာရေင်ထွက်လိုက်ပြီး အိပ်ရာကနေထလိုက်သည်။
ရေခဲနတ်ဘုရားက သူ့ကို အလိုလိုက်သောအကြည့်များဖြင့်ကြည့်လာကာ ထိုင်ခုံပေါ်ပြန်ထိုင်၏။

"စက်က ဘယ်အချိန်ကတည်းကနိုးနေတာလဲ"

"မကြာသေးပါဘူး "

"ဟုတ် ကျွန်တော်မျက်နှာသစ်ပါဦးမယ်ဗျ"

အခုန်မြန်နေတဲ့နှလုံးက မူလတည်တံ့သော်ရဲ့ နှစ်ချီဖြစ်တည်လာသောခံစားချက်များကြောင့်ဖြစ်ပေမည်။
သေချာတာကတော့ ယခုတည်တံ့သော်ကတော့ အဖြောင့်ကောင်သာ။

တည်တံ့သော် ရေချိုးခန်းကနေထွက်လာတော့ စက်နေယံကဖုန်းပြောနေ၏။
သူ့ကိုမြင်တော့ စက်နေယံကနှုတ်ခမ်းလှုပ်ရုံပြုံးပြလာသည်။
ထို့နောက် အကြည့်တစ်ချက်ဖြင့်ကုတင်ပေါ်ကိုလှမ်းပြ၏။

တည်တံ့သော်အတွက် အဝတ်အစားတွေထုတ်ပေးထားတာ။

လည်ဝိုက်ဆွယ်တာအသားရောင်နှင့်ဘအောက်ခံတီရှပ်အဖြူ..စတိုင်ပန့်ခဲရောင်ရယ် လခွမ်း အတွင်းခံအထိ WTF
မျက်နှာကိုရှိန်းခနဲပဲ
ဒီဘိုးတော် ဘယ်လိုတောင်လား

You've reached the end of published parts.

⏰ Last updated: Mar 12 ⏰

Add this story to your Library to get notified about new parts!

Transmigrated Into  Fragile,Cottony Body အလှလေးကိုယ်ထဲသို့ကူးပြောင်းခြင်းWhere stories live. Discover now