3

265 52 8
                                    

Unicode

သည်နေ့က တည်တံ့သော်ရဲ့စျာပန..
ဒရိုင်ဘာဦးလေးကိုဆိုဒ်ပြောပြီးဝယ်ခိုင်းထားတဲ့ အနက်ရောင်suitကိုကုတင်ပေါ်ပစ်တင်လိုက်သည်။
သွားရမလား မသွားရဘူးလားဝေခွဲရခက်လျက်..။
သွားပြန်လျှင်လည်း ဘယ်အကြောင်းအရာနဲ့သွားရပါ့..။
သူငယ်ချင်းဆိုရအောင်ကလည်း အရင်ဘဝကသူ့ရဲ့သူငယ်ချင်းဆိုတာကလက်ငါးချောင်းတောင်မပြည့်။
ဒီလိုဖြူဖြူပုပုကောင်လေးကလည်း သူ့သူငယ်ချင်းလုံးဝမဖြစ်နိုင်။
ထို့ထက် သူ့မိဘတွေ ..တစ်ဦးတည်းသောသားဆိုတော့ ဘယ်လောက်တောင်ခံစားနေလိုက်ရမလဲ။
တည်တံ့ သက်ပြင်းချလိုက်မိသည်။
ကုတင်ထက်ကဝတ်စုံကိုကြည့်မိကာ ခေါင်းကုတ်လိုက်၏။
ဒါပေမယ့် သူ့ရုပ်ကိုမြင်ချင်သေးသည်လေ။
ကုတင်ဘေးဘီဒိုပုလေးပေါ်က ဒစ်ဂျစ်တယ်နာရီကိုကြည့်မိတော့ အတော်တောင်နောက်ကျနေပြီ။
ဖြစ်ချင်ရာဖြစ်ဟူ၍ အဝတ်အစားလဲကာအောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

မနေ့ညကတည်းက နွယ်တည်တံ့ကိုမတွေ့ရသေးသည်မှာ ယနေ့မနက်စာစားပြီးသည်အထိပင်။
တည်တံ့သော် သိပ်တော့အရေးမစိုက်မိပါ။
သူလည်းအရွယ်ရောက်ပြီးသားမိန်းကလေးတစ်ယောက်လေ။ ဒါ့အပြင်သူ့မှာကာကွယ်ပေးမယ့်ကိုကိုနှစ်ယောက်တောင်ရှိသည်ပဲ။

စျာပနသွားမည်ဆိုတော့ တစ်ကိုယ်လုံးအနက်စွေးစွေးဖြစ်နေသည်ကို အိမ်ဖော်တွေရော အလုပ်သမားကောင်လေးတွေပါအကြောင်သားငေးနေကြသည်။
အနက်ရောင်အနောက်တိုင်းဝတ်စုံ..အမြဲချထားဖူးသည့်ဆံပင်အုပ်အုပ်ကို ဂျယ်လ်သုံးကာအနောက်သို့အပြောင်လှန်သိမ်းထားခြင်း..လယ်သာရှုးအနက်ရောင်..
နဂိုဖြူဥနေသည့်အသားက ပိုမိုပေါ်လွင်နေကာ အိမ်ကြီးရှင်သခင်လေးဆိုသည့်အချက်ကို တစ်ချက်အကြည့်ဖြင့်ပင် ပေါ်လွင်စေသည်။

"အကိုလေး ဘယ်သွားမှာလဲ"

ကားမောင်းသမားဦးလေးက စူးစမ်းသည့်မျက်လုံးများကိုသိမ်းလိုက်ပြီး အရဲစွံ့မေးလိုက်သည်။
တည်တံ့သော်က မျက်လုံးတစ်ချက်သာလှန်ကြည့်လိုက်ကာ လိပ်စာရွတ်ပြလိုက်သည်။
လမ်းမထက်ကလှုပ်ရှားသွားလာနေမှုများကို ကားပြတင်းမှန်ကနေတဆင့်ငေးမောလိုက်ပါလာခဲ့၏။
တည်တံ့သော် ပြင်ပလေကိုခံစားချင်တာမို့ ကားပြတင်းမှန်ကိုချမည်အပြု..အဖြူရောင်လိပ်ပြာလေးတစ်ကောင်က ပြတင်းမှန်အပေါ်လာနားလေသည်။
တည်တံ့သော်က လိပ်ပြာရှိရာပြတင်းမှန်နားကိုလက်ညှိုးထိပ်ဖြင့်တို့ကြည့်လိုက်မိတော့ သူ့လက်ကိုခံစားမိသည့်အလား သူ့လက်ညှိုးရွှေ့ရာဘက် လိုက်ရွှေ့တော့သည်။
အပြုံးနုတစ်ခု တည်တံ့သော်နှုတ်ခမ်းတွင်ဖြစ်တည်လာပြီး လက်ကိုအသာရုတ်လိုက်သည်နှင့်အတူ လိပ်ပြာလေးကပါအဝေးသို့ပျံသန်းသွားတော့သည်။

Transmigrated Into  Fragile,Cottony Body အလှလေးကိုယ်ထဲသို့ကူးပြောင်းခြင်းWhere stories live. Discover now