7

246 36 8
                                    

Unicode

တည်တံ့သော် ကျောင်းရောက်တော့ ကျောင်းအပေါက်ဝတွင်စောင့်နေသော လရောင်ဝန်းက လက်ပြပြီး အနားသို့အပြေးလာသည်။ ပုခုံးကိုဖက်လိုက်သော လက်ကြောင့် မျက်ခုံးတွန့်လိုက်မိကာ ကျောကော့၍ဖယ်လိုက်တော့ အခွက်ပြောင်ကောင်ကထပ်လာဖက်ပြန်သည်။
တည်တံ့သော် ထပ်မဖယ်တော့။
ဒီဦးနှောက်လွတ်ကောင်ကိုအဖက်လုပ်ရမှာ မောတယ်လေ!

"မင်းသူငယ်ချင်းတွေဆီသွားလေကွာ"

"မင်းလည်း ငါ့သူငယ်ချင်းလေ"

အခန်းထဲရောက်လို့ ထိုင်ချတဲ့အထိ ပုခုံးပေါ်ကလက်ကမဖယ်သွားတာကြောင့် တည်တံ့ မေးဆတ်ပြလိုက်၏။
ထိုကောင်ကလည်း အနိုင်မခံအရှုံးမပေး မေးဆတ်ပြကာ ပုခုံးတင်ထားရုံလေးကနေ သိုင်းဖက်ချလာသည်။

"ဖယ်စမ်း ​ပေါကြောင်ကြောင်တွေလုပ်တာရပ်"

အတင်းတွန်းထိုးကာရုန်းကန်အပြီး လရောင်ဝန်းကရယ်ကျဲကျဲဖြင့် အနည်းငယ်ခွာသွား၏။

တည်တံ့သော်ကစာရှင်းပြတာကို ကြည့်နေတယ်ထင်ရပေမယ့် တကယ်က ငုတ်တုပ်အိပ်နေတာ။
လရောင် တည်တံ့ကိုစကားပြောချင်နေပေမယ့် စာလိုက်မှတ်နေသည်အထင်နှင့် အနှောင့်အယှက်မပေးတော့ဘဲ ကျောင်းဆင်းချိန်ကိုစောင့်နေလိုက်သည်။

သို့သော်ငြား အတန်းဆင်းလို့လူတွေအလျှိုလျှိုထွက်သွားကြသည်အထိ တည်တံ့သော်ကထိုင်ရက်ကလေး။

လရောင် ပုခုံးကို ဖွဖွတိုက်လိုက်တော့ တစ်ဖက်သို့ယိုင်လဲသွားမလိုဖြစ်ရာ အလျင်အမြန်ထိန်းထားလိုက်ရပြန်သည်။

ချစ်စရာလေး....

"ထတော့ အတန်းဆင်းနေပြီ သေလို့ကောင်းတုန်း"

အိပ်မှုံစုံဖွားဖြင့် မျက်လုံးနှစ်ဖက်ကိုပွတ်သပ်နေပုံက ​အိပ်ရေးမဝသည့် ကြောင်ပေါက်ကလေးနှယ်။

တည်တံ့သော်က ချစ်စရာကောင်းလွန်းတာထက်ပိုသည်။

"ထတော့ ငါမနက်စာမစားခဲ့ရဘူး ဗိုက်ဆာနေပြီ"

"မင်းဘာသာသွား ငါအိပ်ဦးမှာ"

စားပွဲပေါ် အိတ်ကိုတင်လိုက်ကာ ထိုအိတ်ပေါ်မှောက်အိပ်လိုက်သော တည်တံ့သော်။
ခေါင်းက အိတ်နှင့်မထိခင်မှာပဲ ပြန်မတ်သွားသည်။

Transmigrated Into  Fragile,Cottony Body အလှလေးကိုယ်ထဲသို့ကူးပြောင်းခြင်းWhere stories live. Discover now