1.1.Come Back (Uni/Zawgyi)

4.2K 168 12
                                    

ကျန်းယွီ မသေခင်တွင် သူမသည် သူမရဲ့ဘဝအား ပြန်လည်ဆန်းစစ်ကြည့်မိသည်။ သူမဘဝရဲ့ အကြီးမားဆုံးကံဆိုးမိုးမှောင်ကျမှုကတော့ ဆင်းရဲတဲ့မိသားစုအခြေအနေကြောင့်မဟုတ်ခဲ့ပေ။

သို့ပေမယ့် ဆင်းရဲလှတဲ့မိသားစုနောက်ခံ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမထားခြင်းနဲ့ သူရဲဘောကြောင်ခြင်းတို့ကြောင့်, သူမကို အစားထိုးသူတစ်ယောက်လိုသာ အသုံးခဲ့သော ချမ်းသာတဲ့ဒုတိယမြောက်မျိုးဆက် ဆန်ကုန်မြေလေးကောင်ကို လက်ထပ်ခဲ့ရသည်။ မင်္ဂလာဆောင်ပြီးနောက်မှာ သူမဟာ အဆုံးထိတိုင်အောင် အရှက်ခွဲခံရပြီး နှိပ်စက်ခံခဲ့ရသည်။

ဤသည်မှာ သူမဘဝရဲ့ အကြီးမားဆုံးသောရှုံးနိမ့်ခြင်းဖြစ်သည်။

နောက်ပိုင်း၌ သူမသည် မမျှော်လင့်ပဲ သေဆုံးခဲ့ရလေသည်။ သူမ၏ မျက်လုံးများမှာ မှိတ်သွားပြီး ပြန်ဖွင့်လိုက်သော အချိန်၌ အလွန်ပင် စိတ်ပျက်စရာကောင်းလှသော ၁၇နှစ်အရွယ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။

လူတိုင်းသည်ပင် ယခုကဲ့သို့သော ထပ်မံ ပြန်လည်စတင်ရန်အခွင့်အရေးကို မရရှိနိုင်ကြပေ။

ထိုအခိုက်အတန့်၌ ကျန်းယွီသည် သူမရဲ့တံခါးရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ လမ်းကြားထဲတွင်တည်ရှိသော ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက Tongzilouအဆောက်အအုံဟောင်းကြီးသည် မကြာမီတွင် ဖြိုချခံရပေတော့မည်။

မည်သို့ပင်ဆိုစေကာမူ, ထိုကဲ့သို ဖြိုချခံရခြင်းကျေးဇူးကြောင့် ဒုတိယမြောက်မျိုးဆက်သည် ကျန်းယွီကို သဘောမကျခဲ့ခြင်းဖြစ်သည်။

အကြောင်းသည်ကား ယနေ့တွင်မူ, သူမ၏ အဒေါ်သည် အိမ်သို့လာပြီး ယွမ်၅ထောင်ကို သုံးကာ အပေါင်စာချုပ်၌ လက်မှတ်ထိုးရန်အတွက် ပညာမတတ်သော သူမအမေအား အရူးလုပ်ပေလိမ့်မည်။

........

အိမ်ရဲ့ တံခါးရှေ့တွင် သခွားမွှေးသီးစားကာ ဘေးမှရပ်ကြည့်နေကြသော အိမ်နီးချင်းများရှိလေသည်။

' နင်က ဘယ်ကို သွားကြည့်နေတာလဲ? မြန်မြန်သာ လက်မှတ်ထိုးလိုက်စမ်းပါ။ ဘာပဲဖြစ်ဖြစ်, နင်က ကောလိပ်ကိုတောင် တက်ဖူးတာမဟုတ်တဲ့အပြင် ဒါကိုလဲ ဖတ်တတ်မှာမဟုတ်ပဲနဲ့'

The Big Villain Asked Me To Save Him When I was Reborn(MM Translation)Where stories live. Discover now