4.1 Moon (Uni/Zawgyi)

446 75 6
                                    


ထို နေရာသည်ကား လူအလာကျဲလှသည်။ မလှမ်းမကမ်းအကွာအဝေးတွင် ဆိုင်တစ်ဆိုင်ရှိပြီး ထိုဆိုင်ရဲ့ တံခါးမှ ထွက်လာသော အသံ, ရီသံများနှင့် mahjongတီးခတ်သံများသည် တချက်တချက်တွင် ထွက်ပေါ်လာတတ်သည်။ ခွေး တစ်ကောင်, နှစ်ကောင်၏ ဟောင်သံများကိုလဲ ကြားနေရသေးသည်။

ကျန်းယွီသည် ထိုကောင်လေးအား အကွာအဝေးတစ်ခုမှ ထိတ်လန့်စွာကြည့်နေပြီး , အနားကိုတော့ ပိုနီးအောင် မသွားရဲချေ။

ချုံလိသည် တဖက်ကို လှည့်လိုက်ကာ သူ့ကျောကို လှဲချလိုက်ပြီး, မှောင်မိုက်နက်ပြာလှသော ကောင်းကင်မှ အရောင်များတောက်ပနေသော လမင်းကို ရှင်းလင်းစွာမြင်လိုက်ရလေသည်။

ထိုကဲ့သော ကြည်လင်ကာ အေးချမ်းလှသော လရောင်ကို မြင်ခဲ့ရသည်မှာ ဘယ်နှနှစ်ကြာခဲ့ပြီမှန်း သူ မမှတ်မိတော့ချေ။

ချုံလိ ခနအကြာလောက် လှဲလျောင်းနေပြီးနောက်မှ ခြေသလုံးကို အားပြု၍ ဖြည်းဖြည်းချင်းဆီ ထ လိုက်သည်။

သူ့ ပုံသဏ္ဏာန်မှာ အရပ်ရှည်ကာ, ပိန်ပြီး မိုက်မဲသည့် ပုံစံလဲ ပေါ်လှသည်။ သူ၏ တီရှပ် တဝက်လောက်မှာ သွေးများဖြင့် ပေကျံနေပြီး, နဂိုအင်္ကျီအရောင်ကို ပင် မမြင်ရချေ။

ထိုသည်ကား ကျန်းယွီကို အလွန်ပင် စိတ်ရှုပ်ထွေးခြင်းကို ခံစားရစေသည်။

သူသည် လမ်းအဆုံးဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားပြီး, သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ မည်သည့်နာကျင်မှုများကို မခံစားရသည့်ပုံပင်။

အစ၌, ကျန်းယွီမှာ သူ ဆေးရုံသို့ သွားမည်ဟု ထင်လိုက်မိ၍ သူ့နောက်မှ လိုက်လာကာ အနားသို့ နီးကပ်လွန်းအောင်တို့ မတိုးသွားရဲပေ။ သူမ၏ နှလုံးသားထဲတွင် မသက်မသာ မှုများကို ခံစားလိုက်ရလေသည်။

သူက လူသတ်သမားပဲ!!!!

သူ့ထံတွင် ပြင်းထန်လှသော ဆန့်ကျင်ဘက် လူမှုဆက်ဆံရေး ရှိသူဟု ပြောသည့် သတင်းတစ်ခုအား သူမ သတိရမိသွားသည်။

ထပ်ပြောရလျှင်, သူမ မှာ အတော်ပင် အန္တာရာယ်များလှသောသူပင်, အကြောင်းမှာ သူသည် စိတ်ပိုင်းဆိုင်ရာ အိပ်မွေ့ချခြင်းကို ကျွမ်းကျင်စွာတတ်မြောက်သူဖြစ်သည်။ ထိုအချိန်က ရဲအရာရှိများသည် သူ့အား စစ်ဆေးရန် နိုင်ငံအတွင်းရှိ ကျွမ်းကျင်သော အကောင်းဆုံး စိတ်ပညာရှင်တစ်ယောက် အား ငှားရမ်းလိုက်သည်၊ သို့သော် ထိုသူမှာ ချုံလိအား မေးမြန်းရမယ့်အစား, သူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား ချုံလိကြောင့် ပေါက်ကြားသွားမလိုတောင် ဖြစ်ခဲ့ရသည်။

The Big Villain Asked Me To Save Him When I was Reborn(MM Translation)Where stories live. Discover now