5.1 Dance Shoes( I will definitely protect her..)

446 72 4
                                    

ယွီ့ရှီး အလယ်တန်းကျောင်းသည်ကား ပေချန်တွင် အကောင်းဆုံးအလယ်တန်းကျောင်းဖြစ်သည်။အဲ့အတွက်ကြောင့်လဲ ကျန့်မန့်ယီမှာ ကျန်းယွီ ထိုကျောင်းကို တက်ရရန်အတွက် ငွေကိုအပူတပြင်းရှာနေရခြင်းဖြစ်သည်။

ထိုကျောင်းကို ဝင်ရန်အတွက် သွေးဆောင်မှုမှာ ၁၀၀ရာခိုင်နှုန်းကောင်းမွန်လှသည်။ ခေါင်းမာလှသည့် ဆန်ကုန်မြေလေးကောင် ချမ်းသာတဲ့ဒုတိယမြောက် မျိုးဆက်တောင်, ဒီကျောင်းမှာ သုံးနှစ်တက်ပြီးသည်နှင့် တက္ကသိုလ်သို့ ဝင်ခွင့်ရရန် မခဲယဉ်းတော့ချေ။

သင်ကြားရေးဝန်ထမ်းများနှင့် သင်ထောက်ကူပစ္စည်းများမှာ အလွန်ပင် ကောင်းမွန်လှသည်။ သို့သော်, ကျောင်းရှိ ကျောင်းသူ ကျောင်းသားများမှာ အစွန်းနှစ်ဖက်ရှိကြသည်။

ဤသည်မှာ စွမ်းဆောင်ရည်ကို ဆိုလိုခြင်းမဟုတ်ပဲ ဇာတ်ကောင်စရိုက်ကို ဆိုလိုခြင်းဖြစ်သည်။

ကျောင်းတွင် စုနေကြသော သူများမှာ, မြို့တွင်ရှိသော အကောင်းဆုံးထိပ်တန်းကျောင်းသားများနှင့်, မြို့တော်တွင် အာဏာရှိဆုံးမိသားစုများမှ သမီးပျိုများဖြစ်ကြသည်။

ထိုလူများမှာ မိဘများ၏ထောက်ပံ့မှုနှင့် ထင်ရှားသောမိသားစုအခြေအနေကို သူတို့၏ နောက်ခံများအဖြစ် မှီခိုကြသည်။ ထိုသူများ၏ တနေ့တာအတွက် အကြီးမားဆုံးပျော်ရွှင်မှုမှာ အားနည်းသူများထံမှ တည်ရှိနေသော ခံစားချက်များကိုရှာဖွေခြင်းဖြစ်သည်။

ဉပမာအနေဖြင့်, အခုချိန်တွင်, ကျောင်းဂိတ်အပြင်ဘက်၌ ညီအမ အုပ်စု တစ်စုသည် ကောင်မလေးတစ်ယောက်အား လမ်းကြားထဲသို့ ဆွဲခေါ်သွားလေသည်--

'နင့်အမေနဲ့ ညိှ နှိုင်းနေတုန်းပဲ, ဟုတ်တယ်မလား?'

'အိမ်စာတွေကို နင့်ကို ကူလုပ်ခိုင်းတာက နင်နဲ့တန်တာပဲလေ'

' နင်က အရမ်းဆင်းရဲတယ်, နင် ဘယ်လိုလုပ်ပြီး ယွီ့ရှီးကိုရောက်သွားတာလဲ ငါမသိဘူး'

ကျန်းယွီ လမ်းကြားကို ဖြတ်ရင်း, လမ်းထောင့်တွင် ကိုယ်ကိုကြုံ့ကာ ထိုညီအမများ၏ ဆံပင်များကိုဆောင့်ဆွဲကာ အနိုင်ကျင့်ခြင်းကိုခံနေရသော ကောင်မလေးအား တွေ့လိုက်လေသည်။

The Big Villain Asked Me To Save Him When I was Reborn(MM Translation)Where stories live. Discover now