3.2 Ice Muscle (Uni/Zawgyi)

446 84 6
                                    

' နင် ပိုက်ဆံတွေကို ဘယ်က ရတာလဲ?'

' အဲ့တာကို ရှင်းပြဖို့က လိုအပ်လို့လား ဆရာမဟွမ်?'

သူမ၏ မတူညီသည့် ပြောင်းလဲသွားသည့် သဘောထားအားမြင်လိုက်ရသောအခါ ဟွမ်ရှင်းမှာ ပို၍တောင် စိတ်ဆိုးလာရပြီး, ကျယ်လောင်စွာဖြင့်ပြောလိုက်လေသည်,

' ဒါမှမဟုတ် သူ့အနောက်မှာ ချမ်းသာလှတဲ့ ယောကျ်ားတစ်ယောက်ရှိလို့နေမှာပေါ့။ အဲ့တာက တကယ်ကိုပဲ မနှစ်မြို့စရာကောင်းတယ်။ ဘဲလေးအက နင့်လိုမျိုး အရှက်မရှိတဲ့မိန်းကလေးမျိုးကို ထိခိုက်စရာတွေလုပ်မိအောင် လွှတ်ထားတော့မှာတဲ့လား'

ကျန်းယွီသည် သူမအား လျစ်လျူရှုလိုက်သည်။ လုပ်ဆေင်ချက်များအတိုင်း အခကြေးငွေများကို ပေးသွင်းပြီးနောက် သူမသည် မတ်တပ်ရပ်လိုက်တာ ထွက်သွားလိုက်တော့သည်။ ဟွမ်ရှင်းသည်ကား သူ့ဘေးနားတွင်ရှိသော သူများကို ကျန်းယွီ၏ အတင်းအဖျင်းများပြောကာ ဆက်လက်၍ ကျိန်ဆဲနေလေသည်။

ကျန်းယွီ အိတ်ထဲမှ ဖုန်းကိုထုတ်လိုက်ကာ အေးဆေးစွာဖြင့် ဟွမ်ရှင်းအားပြောလိုက်လေသည်,

' ဒါနဲ့ စကားမစပ်, မစ္စဟွမ်ရှင့် ရှင် ကျွန်မကို ခု ဆဲရေးတိုင်းထွာပြီး သပုပ်လေလွင့် အသရေဖျက်စကားတွေပြောလိုက်တာနော်။ ကျွန်မ ဒါတွေကို အတည်ပြုလုပ်ပြီးတာနဲ့ သက်ဆိုင်ရာ ပြင်ပလုံခြုံရေးအဖွဲ့အစည်းတွေကို တင်သွင်းလိုက်မယ်။ ဆဲရေးတိုင်းထွာခြင်းနဲ့ မဟုတ်မမှန်များပြောဆိုခြင်းဆိုတဲ့ သက်သေတွေအနေနဲ့လေ။ တချိန်တည်းမှာပဲ, ဒီသက်သေတွေကို လင်ချွဲ့အနုပညာသင်တန်းအဖွဲ့အစည်းက သူတွေဆီကိုပါ စာတိုက်ကနေ သက်သေတွေအနေနဲ့ ပို့ပေးလိုက်မယ်။ ကျေးဇူးပြုပြီး အဲ့တာအတွက် ပြင်ဆင်ထားပေးပါဦးနော်'

ထိုအကြောင်းကို ပြောဆိုပြီးသည့်နောက်တွင်, ကျန်းယွီသည် ဟွမ်ရှင်းနှင့် သူမ ဘေးနားတွင်ရှိနေသော အံ့ဩမင်သက်နေကြသည့် ဆရာမများကိုပါ, လျစ်လျူရှုလိုက်ပြီးနောက် ငွေကြေးစီမံခန့်ခွဲသည့် အခန်းထဲမှ ထွက်လာခဲ့လိုက်တော့သည်။

ဟွမ်ရှင်းသည် ယခု ကျန်းယွီ ပြောသွားသည်များမှာ အမှန်အကန်လုပ်မည်ဖြစ်ကြောင်းသိလိုက်သည်။ အံ့ဩမင်သက်ပြီးနောက်တွင်, သူမသည် ကျန်းယွီအား အလျင်အမြန်ပင် လှမ်းဆွဲလိုက်ကာ, ရုပ်ဆိုးလှသော အပြုံးတုကို ညစ်ယူလုပ်ကာဖြင့်,

The Big Villain Asked Me To Save Him When I was Reborn(MM Translation)Where stories live. Discover now