2.2 Qiu Li (Uni/Zawgyi)

563 90 1
                                    

' နင်တို့တွေ နေဦး..!!'

မေ့ကျီ သည် ကျန်းယွီအား ကြည့်လိုက်ပြီး ထူးဆန်းစွာဖြင့်မေးလာလေသည်,

' အတန်းဖော်လား.....ဘာဖြစ်လို့လဲ?'

ကျန်းယွီလျင်မြန်စွာ ပြောလာသည်,

'နင် သူ့ကျောင်းရဲ့ ဖောင်ကို ဖြည့်လို့မဖြစ်ဘူး။ နင်သေချာပေါက် နောင်တရလိမ့်မယ်!'

ထိုစကားလုံးများကို ကြားလိုက်ရသောအခါ မေ့ကျီသည် မျက်မှောင်ကြုပ်သွားရပြီး, ထိုကောင်လေးမှာလဲ မသာယာသော မျက်နှာအမူအရာကို ပြလာတော့သည်။

' မင်းက ဘယ်သူလဲ? မင်းက ဘာလို့ လိုက်ပြောပြီး ထိန်းချုပ်နေရတာလဲ?'

ကျန်းယွီသည် သူ့အား အာရုံစိုက်ရန်အတွက် အချိန်မရှိပေ။ ကျန်းယွီသည် မေ့ကျီ၏ ပခုံးအားဆုပ်ကိုင်လိုက်ပြီးနောက် သူမအားပြောလိုက်လေသည်,

' ငါ့ကို ယုံပါ, မင်းသေချာပေါက် နောင်တရလိမ့်မယ်။ ဘာလို့လဲဆိုတော့ အနာဂတ်ဆိုတာ မင်းအတွက်ပဲလေ, အဲ့တာက တခြားဘယ်သူနဲ့မှ မသက်ဆိုင်ဘူး။'

'မင်းက ရူးနေတာပဲ!!!!'ထိုကောင်လေးသည် ကျန်းယွီအားအော်ပြောလိုက်သည်။

' မင်းက ဘာဖြစ်ချင်နေတာလဲ!!'

ကျန်းယွီတစ်ယောက် ဘယ်လိုလုပ်ရမလဲ မသိတော့ချေ၊ အနာဂတ်မှမေ့ကျီသည် သူမ၏ အနာဂတ်အတွက် အကူအညီတောင်းခံလာခြင်းအား ပြောပြချင်နေသည်၊ သို့သော် တခြားအတွေးတစ်ခုမှာ, ထို့ သို့ပြောပြလိုက်ပါက ထိုနှစ်ယောက်သည် ကျန်းယွီအား စိတ်မနှံ့သူတစ်ယောက်လို ဆက်ဆံကြပေလိမ့်မည်။

ထို့နောက်တွင်, ကျန်းယွီသည် သူမကိုယ်တိုင်ပင်လျှင် ထို (Knowledg)ဆိုသော appမှာ သံသယဖြစ်စရာကောင်းကြောင်း ခံစားမိသည်။

သူမက တဖန်ပြန်လည် မွေးဖွားလာသူလို့ ပြောလိုက်လျှင်, ထိုသူတို့မှာ သူမသည် စိတ္တဇဆေးရုံမှ ထွက်ပြေးလာသည်ဟု တွေးထင်ပေလိမ့်မည်။

ကျန်းယွီမှာ စက္ကန့်အနည်းငယ်မျှလောက် စဉ်းစားပြီးနောက်, ပိုကောင်းမည့်နည်းလမ်းလား ချက်ချင်းဆိုသလို တွေးမိသွားလေသည်။

The Big Villain Asked Me To Save Him When I was Reborn(MM Translation)Where stories live. Discover now