1.2 Come Back( Uni/Zawgyi)

1K 129 10
                                    

သို့သော်, သူမသည် ဂိတ်တံခါးကို ဖြတ်ကာထွက်သွားဖို့လုပ်နေသော်လဲ, ယူနီဖောင်းဝတ်ထားသော ရဲနှစ်ယောက်မှာ ရောက်လာပြီး သူမသွားမည့်လမ်းအား ပိတ်ဆို့ထားလိုက်လေသည်။

' ဒီမှာရှိနေတဲ့ တယောက်က လိမ်လည်မှုကို တိုင်တန်းထားတာကို လက်ခံဖြေကြားလိုက်ရပါတယ်'

ရဲများကို မြင်လိုက်ရသောအခါ, သူမအဒေါ်သည် ခြေများခွေကျမတက်ဖြစ်သွားရသည်။ သူမသည် နံရံအားလက်ဖြင့်ထောက်လိုက်ပြီး တုန်ယင်စွာနှင့် ပြောလာလေသည်,

' ဘယ်သူ...ဘယ်သူက ခေါ်လိုက်ရတာလဲ? ငါက ငါ့အမနဲ့အတူ စီးပွားရေးကိစ္စကို‌ ဆွေးနွေးနေကြတာလေ! ဒီကမ္ဘာမှာ ရှိနေတဲ့ ဘယ်သူကျများ ရဲကိုခေါ်လိုက်ရတာလဲ?!'

ကျန်းယွီသည် တည်ငြိမ်စွာဖြင့် ပြောလာလေသည်,

'ကျွန်မ ရဲကို ခေါ်လိုက်တာပဲ။ သူမက စာချုပ်စာတမ်းအတုကို အသုံးပြုပြီး ကျွန်မအမေကို ချေးငွေစာချုပ်မှာ လတ်မှတ်ထိုးဖို့ လှည့်ဖြားပြီး ကြိုးပမ်းပါတယ်။ ရဲ အရာရှိများရှင့်, သူမကို ကျေးဇူးပြုပြီး စစ်ကြောရေးကို ခေါ်သွားလိုက်ပါ။ အဲ့ခါကျရင် ဦးလေးတို့ တိတိကျကျသိရပါလိမ့်မယ်'

ရဲများသည် အဒေါ်အား ချက်ချင်းခေါ်ဆောင်သွားလိုက်လေသည်။ အဒေါ်သည်ကား အသည်းအသန် ရုန်းပြီး ငြင်းဆိုကာ အော်ဟစ်နေလေသည်,

'မဟုတ်ဘူး..!!!ငါ မလုပ်ခဲ့ဘူး!!! ငါ မလိမ်လည်ခဲ့ဘူး!!!'

သူမသည် အားသုံးကာ အတင်းအကြပ်ရုန်းကန်နေသောအခါ ရဲများမှာ သူမအား လက်ထိပ်ခတ်လိုက်ပြီး ရဲကားအတွင်းသို့ စောင့်ကြပ်ကာ သွင်းလိုက်လေသည်။

ရဲများကို ခေါ်လိုက်ရသည်အထိ အပြည့်အဝမလုံလောက်သော်လဲ ကျန်းယွီသည် သူမ အဒေါ်အား ဒီနေ့အဖြစ်အပျက်အား သင်ခန်းစာယူကာ သူမနှင့် သူမအမေအား နောက်ထပ် အနိုင်ကျင့်၍မရကြောင်း သိစေလို၍ဖြစ်သည်.။

အိမ်နီးချင်းများသည်လဲ လူစုခွဲကုန်ကြ၏.။ သူမ၏ အမေမှာလဲ ထိတ်လန့်မှုဖြင့် ထိုင်ချလိုက်လိုက်ပြီးနောက် သက်မကို ခပ်ပြင်းပြင်းချလိုက်လေသည်။ သူမသည် မရိုးသားသော လိမ်လည်မှုအားခွင့်ပြုလိုက်မိကာ အိမ်ပါ,ပါသွားတော့မလို့ပင်။

The Big Villain Asked Me To Save Him When I was Reborn(MM Translation)Where stories live. Discover now