အပိုင်း ၄

2.4K 111 0
                                    

ကျွန်တော်လည်း အိမ်ပြန်ရောက်ပြီး ဖုန်းထိုင်ကြည့်နေလိုက်တယ် ဖုန်းကြည့်တာ ကြာသွားတော့ ပြန်ထွက်မယ်အလုပ်

"Li Li Pann" ဆိုတဲ့ acc people you may know မှာ ပေါ်လာတယ်လေ ကျွန်တော်လည်း ဝင်ကြည့်လိုက်တော့
မြင်ဖူးသလိုလို ရှိတယ်လေ အသေးစိတ်ကြည်လိုက်တော့ မနက်က ချော်လဲတဲ့ ကောင်မလေး ကလေးဆန်ဆန် ကောင်မလေးပါလားလို့ တွေးမိတယ်
ကျွန်တော်လည်း ကိုယ့်ကိုကိုယ် တွေးနေတာတွေ ရပ်ပြီး အိပ်လိုက်တယ်....

At morning.........

"Morning သားလေး..."
"ဟုတ် Morning မေမေ..."
"လာ ဒီမှာ သားလေး ကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲ ချက်ထားတယ် လာ.."
"ဟုတ် မေမေ ကျေးဇူးပါ..."
"ရပါတယ် မေမေမပင်ပန်းပါဘူး...."
"အမေ့ ဖေဖေကော..."
"အော် အကိုက ဆေးရုံသွားပြီ...သားရဲ့.."
"အော်...."
"အမေ့ သားလေး စာတွေကြိုးစားနော် သားရဲ့... စာတွေကြိုးစားဆိုပြီး အသားကုန်လုပ်မနေနဲ့ သားသူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ပါးပါးနေ... ဟုတ်ပြီလား..."
"ဟုတ် မေမေ... သားကြိုးစားပါ့မယ်..."
"အေးပါ..... သားလေး...  "

တစ်ဖက်တွင်.........

"လီလီ ထတော့.. ကျောင်းသွားရမယ်လေ... "
"မသွားချင်ဘူး... ထားခဲ့လိုက်တော့ ပျင်းတယ်လို့...."
"ထလို့ ပြောနေတယ်နော်.. လီလီပန်း...."
"ဟာ အမေကလည်း ၁ ရက်ပဲ နားမှာ လို့ စာတွေက ရွှန်းဆီက ကူးလို့ရတယ် နော် မေမေ နော်လို့...."
"နင် ပျင်းတာနဲ့ ကျောင်းမသွားတော့ဘူးလား ဟမ် သားကြီးရေ လာဦး ဒီမှာ နင့်ညီမက ကျောင်းမသွားချင်ဘူးတဲ့ လာပြောဦး... သားရေ.."
"ဟုတ် မေမေ...."

"လီလီ ပြော မသွားချင်ရတဲ့ အကြောင်းရင်းလေး..."
"ပျင်းလို့လို့ ပျင်းလို့ အိပ်ပဲအိပ်ချင်နေတယ်.... ပြီးတော့ ခေါင်းကိုက်လို့..."

လီလီ အတွေးထဲတွင်...

"အကြံထုတ်စမ်း အကြံထုတ်စမ်း ဒါမှ နင်ကျောင်းမသွားရမှာ...... ဟဲဟဲ.. လီလီ ပဲလေ... လီလီ..."

"လီလီရယ် ငါမသိဘူး ထင်နေလား နင်ငါမွေးလို့ လူဖြစ်လာတာပါ နင့်အတွေးတွေ အကုန်သိတာပေါ့...."
"မေမေနော်လို့ သမီးဒီနေ့နားပေးရင် လမ်းထဲက ကလေးတွေနဲ့ မဆော့တော့ဘူး တကယ်ပြောတာ l promise to you. .."
"ညီမလေး နားချင်ရင် နား... ဂတိတည်ပါစေ...."
"ရေးးးးးးး ဒါမှ တို့ ကိုကြီး...."
"ကိုကြီး ကျောင်းသွားတော့မယ်... ညီမလေးး... "
"ဟုတ် bye bye. .."

အချေတော်ကိုကိုWhere stories live. Discover now