အပိုင်း ၂၃

1.3K 54 0
                                    

ကျွန်တော်လည်း အိမ်ပြန်ရောက်တော့...

"မင်း အရင်ကထက် ပိုချစ်ဖို့ကောင်းလာတယ်..."

ကျွန်တော် အခု တစ်ခုခုကို တွေးပြီး ရီလိုက်မိတယ်...

"ဘာတဲ့ သျှင်မင်းသစ် မကောင်းတဲ့ အရူးကြီး မိန်းမမရပါစေနဲ့တဲ့

သူ့အခန်း တံခါး မှာ ကပ်ထားတဲ့ စာသားလေး...

"အခုထိ ကလေးဆန်တုန်းပဲလား..အသက်ရယ်.."

....................

At Morning 🌻

လီလီ တစ်ယောက်...
ထိုင်ရင်း ငိုက်နေပါတယ်....
မနက်ခင်းဆို အကိုတွေက မနက်စာ လာပို့တယ်လေ....

"လီလီ မှိုင်မနေနဲ့ ဖွင့်တော့..."
". .."
"လီလီ...."
"ပွင့်ပါပီ...လင်လင် ၂ယောက် တအားပဲ...ဒီညီမလေး ၁ယောက် ရှိတာကို... "
"ခွန်း ကြည့်စမ်း မင်းညီမတွေ့လား ဒါလား အသက် ၂၄နှစ်..."
"ကိုကြီးကလဲ..."
"မျက်နှာ သွားသစ်...."
"ဒီနေ့ အလုပ်နားတယ်...လေ..."
"ဟုတ်ပါပီ....ဘာပဲ ဖစ်ဖစ် သွားသစ်..."
"ဟင့်..."

လီလီလည်း မျက်နှာ သစ်ပြီးတော့....
ညက ငါ ဘယ်လို အိမ်ပြန်ရောက်တာလဲ...
အော်...ကိုဆက် လိုက်ပို့တာ ပဲ ဖစ်ရမယ်...
ဒါပေမဲ့...အဲ့ဒီ ကိုယ်သင်းနံလေးက... မဖစ်နိုင်ပါဘူး...

လီလီလည်း ဘောင်းဘီနဲ့ အင်္ကျီ အပွ ဝတ်ပီး ဦးထုပ် ဆောင်းပြီး....

ပန်းပင်လေး ဝယ်ဖို့ ထွက်လာလိုက်တယ်....

"ဝါးး လှလိုက်တာ...အင်း မဆိုးဘူး..ကိုဆက် ညွှန်းလိုက်တဲ့ ဆိုင်လေး..."
"ဒီမှာ လူရှိလား...မသိဘူး..."

အနောကို လူတစ်ယောက် ရောက်လာတယ်...

"အကိုက ဒီဆိုင် ပိုင်ရှင်လား..."
ဆိုင်ဆိုပေမဲ့ ခြံလို့ ပြောရင် ပိုမှန်မယ်...

"မဟုတ်ပါဘူး..အလုပ်သမားပါ Bossက အလုပ်သွားလို့..."
"အော်...ညီမ ပန်းရွေးလိုက်ဦးမယ်...."
"ဟုတ်...ေရွးပါ..."

ဟို အကိုလဲ ထွက်သွားတော့...
ပန်းရွေးနေလိုက်တယ်....

"ဆိုင်ရှေ့မှာ လျားဆောင်းပင်လေးတွေလဲ ထားရမယ်....
အတွင်းမှာ သစ်ခွပန်းလေးတွေ...
နှင်းဆီပန်း အဝါလေးတွေရော....
Perfect. .🌻"

အချေတော်ကိုကိုWhere stories live. Discover now