အပိုင်း ၂၀

1.4K 62 0
                                    

"ဟင်...ဘာကို..စောင့်..''
ရုတ်တရတ် အကိုက လီလီ လက်ကို ကိုင်လိုက်ပြီး
"အကို...''
"အင်း..သဘောကျတယ်...မဟုတ်ဘူး...အကို...လီလီ...ကို သဘောကျတယ်...အရမ်း သဘောကျတယ်...
သဘောကျတာထက် ပိုတယ် ချစ်တယ်
လီလီနဲ့ အတူနေရင် အကို ပျော်တယ်...
လီလီက အကို့ရဲ့ ခံစားချက်..
အကို့ရဲ့ ခွန်အား..အကို့ရဲ့ အရိပ်လေး...
...အကို့ရဲ့ အသက်လေး...''

ခဏတာ တိတ်ဆိတ် လျက်.....
လီလီ မျက်ဝန်းတွင် မျက်ရည်များ ဝဲလျက်...
ခဏအကြာ....
မျက်ဝန်းကို ကျော်လွန်၍...မျက်ရည်များ ပါးပြင်တွင် ကျဆင်းလာ.....သည်

"လီလီ ငိုနေတယ်..... မငိုပါနဲ့ လီလီ ငိုရင်..."
လီလီလက်လေးကို အကို ကိုင်လိုက်ပီး အကို့ ရင်ဘတ်နားသို့.....
"ဒီနေရာက နေမကောင်း တာမို့ မငိုနဲ့နော် ကိုယ့် အသက်လေး....''

"အကို...တကယ်ပြောတာလား.....
အကိုက လီလီကို သဘောကျတာလား
တကယ်ပြောတာပေါ့...''
ကိုချေ ဘက်က ခေါင်းလေး ငြိမ့်ပြတယ်...
"ဟုတ်ပီ လီလီ ပြောမယ်....
လီလီ အကို့ကို စောင့်မယ်...အကို ပြန်လာတဲ့ အထိ စောင့်မယ်....
အခုတော့ မဖြေသေးဘူး....အကို...''
"ဟုတ်ပီ လီလီ သဘောပါ...''
"အင်း...''

ထိုနေ့ ပီး ၁လ အကြာ....

လီလီတို့လဲ စာမေးပွဲဖြေပြီးသွားပီ....
အကိုလဲ Austria ကို သွားပီ ဆိုတဲ့ အကြောင်း ကို ဘုန်းစစ် ဆီက ကြားရတယ်....
အကို ရဲ့ နောက်ဆုံး phone callမှာ ပြောတာက...

"အကို ပြန်လာမှာမို့ စောင့်နေနော် ကိုယ့်အသက်လေးတဲ့...''

ထို စကားလေးကြောင့် ကြည်နူးရပြန်တယ် အကိုရယ်...

လီလီလည်း မဟာတန်း မတက်ဖစ်တော့ဘဲ
ကိုကြီးက အစက တက်ခိုင်းတယ်လေ...
နောက်တော့ ပြောမရဘဲ သိတာနဲ့
လီလီကို မပြောတော့ဘူး....

မေချိုကတော့...
Uk နဲ့ ချိတ်ဆက်ပီး အလုပ် လုပ်နေတယ်...
ပီးတော့ သူနဲ့ ကိုဆက်နဲ့လဲ တွဲနေပီတဲ့...
လုံးဝ suprise ဖစ်ရတယ်...
ကိုဆက်ကတော့ သူ့ အဖေ company မှာ ဝင်လုပ်နေတယ်တဲ့...

ရွှန်းကလည်း...
English class ဖွင့်ထားတယ်...

လီလီဆိုတဲ့ ကျွန်မကတော့....
အကို တစ်ယောက် ပိုရသွားပီ...လေ
စာအုပ်ဆိုင်နဲ့ အတူ cafe လေးဖွင့်ထားတယ်...
ဆိုင်လာတဲ့ လူတွေ စာအုပ်လေးပါ ဖတ်လို့ ရအောင်လို့လေ...
အမေက တောင်ကြီးကို ပြန်သွားပီလေ...
အကို ၂ယောက်နဲ့ အတူနေတယ်လေ....

အချေတော်ကိုကိုWhere stories live. Discover now