အပိုင်း ၁၀

1.8K 93 0
                                    

"အန်တီရေ ပြန်တော့မယ်... နော်..."
"အေးပါ...ကောင်းကောင်းသွားနော်...."
"ဟုတ်ကဲ့.... "

"လီလီရေ... လာ ထမင်းစားရအောင်... "
"ဟုတ်....."

"ဖွားဖွားရေ.. သမီး အပြင်မှာ ဖုန်းသွားဆက်လိုက်ဦးမယ်...."
"အမေ့ အမေ့မြေး ရည်းစားများ ရနေတာလား..."
"ဟာ.. မဟုတ်ဘူး​နော် လီလီက လီလီ သူငယ်ချင်းဆီ ဖုန်းဆက်မို့..ဟွန်း..."

"မေချို... "
"အေး..နင်ဘာလုပ်နေတာလဲ...တနေကုန်ဖုန်းမဆက်ဘူး ပြီးတော့ ကိုဘုန်းစစ်တို့နဲ့ တူတူရှိတုန်းက ပြောမလို့ရှိသေးတယ် နင်က ဖုန်းချသွားပြီ....."
"အေး... sorryပါ ငါအခုမှ ဖုန်းဆက်လိုက်တာ....အစောက သိပ်မအားဘူး...."
"ပြောပါဦး...ဘာတွေလုပ်နေလို့လဲ .... "
"အိမ်ကို အန်တီ ၁ယောက်ရောက်ပြီး ဖွားဖွားရယ် ဦးငယ်ရယ်နဲ့ စကားတွေ ပြောနေတာနဲ့ အကြာကြီး အာ့ဒါကြောင့်...."
"အော်....ဆင်ခြေလေးပေါ့...."
"ဆင်ခြေမဟုတ်ပါးဘူး တကယ်ပြောတာပါ မေချိုရဲ့...."
"အင်းပါ....."
"Bye ...."
"အင်း...bye. ."

လီလီလည်း အိမ်ထဲဝင်ပြီး ခြေလက်မျက်နှာဆေးပြီး အိပ်ရာဝင်ခဲ့တယ်

ဒီလိုနဲ့ လီလီလည်း တောင်ကြီးမှာ နေတာ ၁ပတ်လောက်ရှိသွားပြီ
မနေ့က ဦးငယ်က ပြောတယ် သူ့ခြံလိုက်ပြီး ကူလုပ်ပေးတဲ့ဘအိမ်မှာ ဖုန်းပဲ ကြည့်မနေနဲ့တဲ့ လီလီကလည်း ပြန်ပြောလိုက်တယ်လေ.... ဖုန်းကြည့်တာက ခြံမှာလုပ်တယထက် ပိုပျော်ဖို့ ကောင်းတယ်လို့ ဦးငယ်က လီလီ ခေါင်းကိုရိုက်ပြီးတော့ အပေးအယူရှိတယ်တဲ့ ခြံမှာ လုပ်ပေးရင် လီလီကြိုက်တဲ့နေရာ အကုန်လိုက်ပို့ပေးမယ်တဲ့ လီလီကလည်း လက်ခံလိုက်တယ်လေ.. of courseဦးငယ်လို့.....

At 8o'clock

"လီလီရေ ထတော့ နင့်ဦးငယ်က လာတော့တဲ့....."
"ဟုတ်.... ဖွားဖွား...."

လီလီလည်း ခြံရှိရာဆီသို့ စိတ်ပျက်လက်ပျက် လျှောက်လာခဲ့တယ် ဂတိပေးပြီး တော့မှ မသွားချင် သွားချင်နဲ့.....

"ဦးငယ်...."
"ရော့...." ဆိုပြီး ခြင်းတောင်းကြီး တစ်တောင်း ပေးတယ်...
"ဘာကြီးလဲ....အဲ့ဒါက.."
"ဒီခြင်းနဲ့ ခြံထဲက ပန်းသီးတွေ သွားခူး..."
"ဟုတ်..."
"အကုန်လုံး ခူးခိုင်းတာ မဟုတ်ဘူး မှည့်နေတဲ့ဟာ.. ဟုတ်ပြီလား...."
"ဟုတ်...."

အချေတော်ကိုကိုWhere stories live. Discover now