အပိုင်း ၆

2K 99 0
                                    

လီလီလည်း ဆရာစာသင်ကထဲက အိပ်လိုက်တာ ဆရာထွက်သွားမှ နိုးတယ်
ညက မအိပ်လိုက်တာ အတန်းထဲ ရောက်မှ အတိုးချ အိပ်ပလိုက်တော့တယ်....
ဆရာထွက်သွားတော့မှ နိုးတော့တယ်
နိုးတော့ နေ့လည်စာစားဖို့ ကန်တင်းဆီသို့...

"လီလီ ဘာစားမလဲ..."
"မသိဘူး ငါအိပ်ချင်နေလို့ နင်တို့ မှာချင်တာ မှာ..."
လို့ ပြောပြီး စားပွဲခုံ ပေါ် မှောက်ပလိုက်တယ်.....

ခဏကြာတော့
မေချိုနဲ့ ရွှန်း ဘာတွေပြောနေတာလဲ မသိဘူး ပုကျိ ပုကျိနဲ့.....

"နင်တို့ ဘာတွေ  ပြောနေတာလဲ နားညီးတယ်ဟာ...."
"နားပိတ်ထားပေါ့ အသေးလေး...."
"ဟင်... ဘာလို့ ထိုင်နေတာလဲ ဖယ် သွား..."
"ဟဲ့ လီလီ ဘာဖြစ်နေတာလဲ..  သူတို့ က ငါတို့နဲ့ ခင်ချင်လို့ ထိုင်နေတာကို...."
ရွှန်းရဲ့ အသံသေးသေးလေးနဲ့ ပြောလိုက်တယ်
"လီလီ နင်ဗိုက်ဆာနေတာမလား စားလိုက်လေ...."
"အင်း....."
"ရွှန်း နဲ့ မေချို သူက ဒီလို ပဲလား...."
"ဟုတ်တယ် ဟိုနေ့ကတောင် လမ်းထဲက ကလေးတွေနဲ့ ရန်ဖြစ်လို့ သူ့အမေ အနောက်ကနေ ဒုတ်နဲ့ လိုက်ရိုက်တာ..."
"မေချို....."
"😝😝"
"လီလီက အမြဲ အဲ့လိုပဲလား" သျှင်က မေးလိုက်တာ..
"မဟုတ်ပါဘူး ကိုကြီး အဲ့ဒါက ရန်ဖြစ်လို့ပါ လီလီက ကလေးမဟုတ်ဘူး......"
ဆက်က
"လီလီ ဟိုနေ့က အားကစားရုံရှေ့မှာ ဘာလို့ ဆဲနေတာလဲ.....သိချင်လို့ပါ...."
မေချိုက...
"ဘာမှမဟုတ်ဘူး ကိုကြီးဆက် သူက အဲ့လိုပဲ..... "
"အော်........"
"ဟုတ်....."

လီလီတို့လည်း နေ့လည်စာ စားပြီးတော့...

လီလီလည်း ဟိုနေ့က ဝယ်လာတဲ့ စာအုပ်ကို ဖတ်နေလိုက်တယ် အရိပ်တစ်ခုမှာ....
မေချိုနဲ့ ရွှန်းကတော့ အတန်းသွားတက်တယ် လီလီကတော့ မတက်တော့ဘူး....
စာအုပ် ဖတ်ကောင်းနေတုန်း.....
နှဖူးကို လက်လာထောက်တော့ ကြည့်လိုက်တာ....
"ဟင် ကိုချေ.."
"အင်း... ဘာစာအုပ်ဖတ်နေတာလဲ "ဆိုပြီး လီလီ ဘေးနားမှာ ထိုင်လိုက်တယ်..
"ဆားပုလင်းနှင်းမောင်..."
"လီလီက ဒီလို စာအုပ်တွေ ကြိုက်တယ်ပေါ့...."
"အင်း လီလီက စာအုပ် မှန်သမျှ အကုန်ဖတ်တယ်.. ဟီးးးးး"
"အော်....."
"ဟုတ်.... ဟိုလူကြီး တို့ကော..."
"သူတို့လား.... သူတို့က အတန်းတက်နေတယ် ...."
"ဟုတ်....."

အချေတော်ကိုကိုWhere stories live. Discover now