အပိုင်း ၁၇

1.4K 61 8
                                    

လီလီ မနက်ခင်း အစော ထတော့ စျေးထဲကို မနက်စာ ချက်ဖို့ ထွက်လာခဲ့တယ်...
စျေးထဲမှာ
မနေ့က line ပေါ်မှာ တွေ့ထားတဲ့ ပရှူးထမင်းကြော်ချက်စားဖို့ အသီးအရွက်တွေ ဝယ်လာလိုက်တယ်....

"ဟီးး စားလို့ ကောင်းလား တော့ မသိဘူး ချက်တော့ ချက်လိုက်ပြီ..."
"ဟင်း ဟုတ်ပြီ ကိုကိုကြီးကို မြည်းခိုင်းရမယ်"
"ကိုကြီး ကိုကြီး.."
"အေး..ဘာလဲ.."ဆိုပြီး အပေါ်က ဆင်းလာတယ်
"ဒန့်ဒန့်ဒန်..."
"ဝါးး ငါ့ညီမလေး ချက်ထားတာ စားချင်စရာလေးးး."
"စားကြည့် ကိုကြီး...ကောင်းလား.."
"အင်းးး အရမ်း...အရမ်းးး ကောင်းတယ်..."
"ရွဲ့နေတာလား..."
"အာ တကယ်ပြောတာပါ "
"ရော့... "
"ဘာလဲ ဒါ ကိုကြီး ကောင်လေး အတွက် "
"ဒါက date သွားလုပ်ချီ ညီမလေး အိမ်စောင့်နေမယ်...သွား..."
"ညီမလေး...."
"ဘာလဲ..."
"ညီမလေးရယ် ကိုကြီးတို့ကို နားလည်ပေးလို့ ကျေးဇူးပါ...
အစက လက်မခံမှာ ကြောက်ခဲ့ပေမယ့် ညီမလေး ကြောင့် ပိုအားရှိသွားသလိုပဲ...ကိုကြီး စိုင်းကို လက်ထပ်ခွင့်တောင်းဖို့ စဥ်းစားထားတယ် သူလည်း ကျောင်းပီးတော့မှာ ဆိုတော့..."
"ညီမလေး က လက်ခံပါတယ် အကို ၁ယောက် ပိုရတယ်လေ "
"အရူးမလေး...ဟင်းးး"
"ဟင်းး ကိုကြီးကလဲ..😄😄"

"အချစ်ဆိုတာ ဘာ လဲလို့ မေးရင် ဒီတစ်ခါ အကိုလို့ပဲ ဖြေပါရစေ အရင်ကတော့ မသိဘူးလို့ ဖြေခဲ့ပေမယ့် အခုတော့ အကိုလို့ပဲ ဖြေချင်တယ် ကိုချေ
အကိုလဲ လီလီလိုပဲ လီလီကို စိတ်ဝင်စားပါစေလို့ ဆုတောင်း မိပါတယ်
အကိုရယ်...."

လီလီတစ်ယောက် ဖုန်း ၁လုံး နဲ့ အလုပ်ရှုပ်နေပါလေရဲ့...

"ဆက်ရင် ကောင်းမလား မဆက်ရဘူးလား ကွာ ဆက်မယ်ဟာ မဆက်တော့ဘူး "
"La la la la"
"အမလေး... သူ့အကြောင်းတွေးနေပါတယ်ဆိုမှ..... "
"ဟယ်လို.. ကိုချေ..."
"လီလီ လာမလား ကိုကြီးတို့ အခု ကုန်တိုက် ရောက်နေတယ် ပီးတော့ လီလီကို ပေးစရာလေးလဲ ရှိလို့...အားမှလာပါ
မအားရင်လဲ..."
"လာမယ် ကိုချေ အခု လာခဲ့မယ်"
"စောင့်နေမယ်နော်..... "
"ဟုတ်..."

"ငါ  ဘာဝတ်ရမလဲ... "

လီလီလည်း စပိုးရှပ် အရှည် ဘောင်းဘီ အရှည်ရယ် ဦးထုပ်လေး စောင်းပီး
ထွက်လာလိုက်တယ်....

အချေတော်ကိုကိုWhere stories live. Discover now