လက်ကိုင်ဖုန်းဆီက နှိုးစက်သံမြည်လာတာနဲ့ အနွေးဓာတ်ထူထူပေးတဲ့စောင်ကြားထဲကနေ လက်လေး တစ်ဖက်ထွက်လာပြီး ဖုန်းကို လှမ်းစမ်းကာ ရှာတဲ့ပုံက ထိုလူငယ်လေးအတွက် အမြဲတမ်းလိုလိုဖြစ်နေတဲ့အကျင့်။
ကျောင်းတက်တုန်းကလို ဖုန်းဆက်နှိုးပေးမယ့်သူ ၊ အဆောင်ထိလာပြီး တံခါးခေါက်နှိုးမယ့်သူ ၊ အလုပ်မှီအောင် ကျောင်းမသွားခင်လေးအမှီ နှိုးပေးသွားမယ့်သူ အနားမှာမရှိတာက နှစ်နှစ်တာကာလမို့..
ဒါ့ကြောင့် ဘယ်အချိန်ဖြစ်နေနေ တခုခုဆို သတိတရရှိအောင် Alarm ပေးထားရတဲ့အကျင့်ကပါ ထပ်တိုးလာပုံ.. ။
" ဝါးးးးး "
လက်ထဲဖုန်းရောက်တာနဲ့ နှိုးစက်ကိုပိတ်လိုက်ရင်း ငုတ်တုတ်ထထိုင်တာနဲ့မပြီး။ မနေ့ကမှ ညှပ်ထားတဲ့ဆံပင်တိုတိုကပ်ကပ်လေးထဲ လက်ထိုးထည့်ပြီး ဖွလိုက်ကာ သမ်းဝေရင်း ကိုယ့်ဟာကိုယ် ကျိန်ဆဲလိုက်တယ်။
ညနေ ၄ နာရီခွဲအချိန်ကြီး ဘာလို့ နှိုးစက်ပေးထားမိပါလိမ့်!!
တနင်္ဂနွေလို ပိတ်ရက်တစ်ရက်လေးတည်းရတဲ့နေ့လေးမှာ တနေကုန်တနေခမ်း အိပ်တာကလည်း တသက်လုံးမွေးလာတဲ့ အကျင့်။ ဘယ်မှလည်း မသွားချင်။ ပင်ပန်းတာတွေကို အိပ်ရင်း စားရင်းနဲ့ပဲ တနင်္ဂနွေနေ့တိုင်းကို အချိန်ဖြုန်းပစ်ချင်သည်လေ။
ကာလအချိန်ကြာ အကျင့်ရပြီးသားဖြစ်နေပြန်တဲ့ Line ထဲကို ဝင်ရင်း တဖက်လူရဲ့ msg တွေများဝင်နေမလားဆိုတဲ့အသိနဲ့ ရှာကြည့်နေတဲ့ မျက်လုံးတွေကဖြင့် သေချာမပွင့်သေး။
Kongpop:)
: P'Arthit Krub
: ကျွန်တော် ဒီနေ့ပြန်ရောက်မယ်ခင်ဗျ
: ညနေ ၇နာရီ လေယာဉ်ဆိုက်မှာမို့ လာမကြိုနဲ့နော်
: တရက်တည်းနားရတဲ့ တနင်္ဂနွေနေ့လေးတော့ P' စိတ်ကြိုက်အိပ်သာအိပ်ပါ
: ကျွန်တော် အိမ်မဝင်ခင် P' ကို အရင်လာဝင်တွေ့ချင်တယ်
: ည ၈ နာရီခွဲလောက် P' ဆီကို ကျွန်တော်ရောက်လောက်မယ်ထင်တာပဲ
: ကျွန်တော် အရမ်းသတိရလွန်းလို့ P'Arthit ကို ပြေးတွေ့ချင်နေပြီ
: ခဏနေရင်တွေ့ကြမယ်နော် P'ArthitShiaaaaaaa !!!!
ဟုတ်တာပဲ ။ ဒီခေါင်း ဒီခေါင်း !! လွန်ခဲ့တဲ့တစ်ပတ်က Kongpop ကြိုပြောထားရဲ့သားနဲ့ ဘာလို့မမှတ်ထားနိုင်ရတာလဲ?
YOU ARE READING
You are the only one 2 ( SOTUS + S Fanfiction )