Interview with this couple 2 - S2 ( U )

425 36 2
                                    


ကံကြမ္မာဆိုတာမျိုးကိုယုံလား ?

K : အရင်ကတော့မယုံခဲ့ဘူး ဒါပေမယ့်သေချာပြန်စဉ်းစားလိုက်ရင် P'Arthit နဲ့တွေ့လာဖို့ဖြစ်လာတဲ့အရာအားလုံးက ကံကြမ္မာအတိုင်းဖြစ်လာသလိုပဲ

A : ကျနော်ကတော့ ကြိုးစားအားထုတ်မှုကို ပိုယုံတယ် .. ကံနဲ့လည်းဆိုင်တာပေါ့နော်

K : ကျနော် P' ကိုရဖို့ကြိုးစားခဲ့တာကိုပြောချင်တာမလား ? ဒါဆို ကျနော်နဲ့
P'က ကံပါတယ်လို့ပြောချင်တာပေါ့

A : ဖယ်စမ်းပါ :/

ပေါင်ပေါ်တင်ထားတဲ့လက်ကို Kongpop က လှမ်းကိုင်ရင်း မေးလာတာမို့ ရှက်ရှက်နဲ့ Arthit က ဖယ်ချလိုက်တယ်

_______________________________________

ကျောင်းမှာရှိနေတဲ့အချိန်က ဘယ်အချိန်က ကိုယ့်အကြိုက်ဆုံးဖြစ်ခဲ့လဲ ?

A : ကျောင်းတခုလုံးကိုစက်ဘီးပတ်စီးတဲ့အချိန်ဖြစ်မယ်

K : တော်သေးတယ် .. ကျနော်က P' အမိန့်ပေးတာတို့ အပြစ်ပေးတာတို့လုပ်ရတဲ့ Hazing အချိန်တွေလို့ပြောမယ်ထင်လို့ :)

A :ငါ အဲ့လောက်ကြမ်းကြမ်းတမ်းတမ်းပြောရဆိုရတာမျိုး ကြိုက်တဲ့သူမှမဟုတ်တာ

K : ဒါပေမယ့် ကျနော်ကတော့ ဟောခန်းထဲမှာ P'Arthit နဲ့
ငြင်းခုံရတဲ့အချိန်မျိုးကိုကြိုက်တယ် P'Arthit ခိုင်းသမျှလုပ်ရတာကိုလေ

A : မင်း ရူးနေပီ

K : အင်း .. P'Arthit ကိုစွဲလမ်းမိတဲ့စိတ်ကြောင့်ဖြစ်မယ်

A : အော့ :(

Arthit က ပျို့တက်တဲ့ပုံစံမျိုးလုပ်ပြတော့ Kong က နှုတ်ခမ်းတွေကိုဖိကိုက်ထားရင်း မရယ်မိအောင် ထိန်းထားရတဲ့ဲ့ပုံစံမျိုးနဲ့ ကင်မရာကိုလှမ်းကြည့်လိုက်တယ်

_______________________________________

အချစ်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ ?

A : အချစ် က အချစ်ပဲ တယောက်ကိုတယောက်နားလည်ပေးမှုက အချစ်မှာအရေးအကြီးဆုံးလို့ထင်တယ်

K : P'Arthit

A : ဟင် ? ဘာလို့ ငါ့ကိုခေါ်တာလဲ ?

K : P' ကိုခေါ်တာမဟုတ်ဘူး .. ကျနော် မေးခွန်းရဲ့အဖြေကိုဖြေပေးလိုက်တာ :) ကျနော်ထပ်ပြောပြချင်တာက ဘယ်လိုပဲ လိင်တူဖြစ်ဖြစ် လိင်ကွဲဖြစ်ဖြစ်ချစ်မိပါစေ ခင်များတို့ဆီမှာဖြစ်လာတဲ့အချစ်က အလှဆုံးပဲဆိုတာ ယုံထားစေချင်တယ်

You are the only one 2 ( SOTUS + S Fanfiction )Where stories live. Discover now