Way Back Home - S2 ( U )

504 40 2
                                    

" P'Arthit Krub ? ညနေကျရင်အားလား ? "

P' နဲ့တူတူ ညစာစားချင်တာကြောင့်Cheer meeting ပီးတာနဲ့ တွေ့မလား
မေးချင်လို့ စကားစတော့ P' ဘက်က msg ချက်ချင်းပြန်ပို့လာတယ် ။

" အားတယ် "

Line က သူတို့အတွက်တော့ မတွေ့ရတဲ့အချိန်တွေမှာ ဆက်သွယ်ပေးထားတဲ့ စိတ်တံတားလေးလိုပဲ။ ဘယ်ချိန်ပဲဖြစ်နေနေ လွမ်းရင် စကားလေးတွေပြောထားလိုက် အားတဲ့အချိန်လေးပြန်ပြောလိုက်နဲ့ အလွမ်းဖြေ
ပစ်ကြတာ ။

သူကသာ အတန်းထဲမှာလည်းပို့ အပြင်ရောက်နေလည်းပို့ အိမ်မှာလည်းပို့ Hazing လုပ်ပီး လည်းပို့နဲ့ ယောက်ယက်ခတ်နေတာ ..
P' က အလုပ်အားမှပြန်ပို့ဖြစ်တာကြောင့် ပြန်ပို့တာက ကြာတတ်တယ် ။

ဒါပေမယ့်လည်း သူနားလည်ပါတယ်လေ .. P' က အလုပ်လုပ်နေရတာမလား ?

" ငါတောင်မင်းကိုစာပို့မလို့လုပ်နေတာ "

"ကျနော်တို့ဒီနေ့ ညစာတူတူစားကြမလား P'? "

" ကောင်းပီလေ "

" Cheer meeting ပီးတာနဲ့ပြန်ပြောမယ်နော် "

" umm "

Reply တွေအရမ်းမြန်နေတော့ကြည့်ရတာ ဒီနေ့ P' အလုပ်သိပ်မရှုပ်ဘူးထင်တယ် ။

" Kong ..လာ စကြရအောင် "

Aim က သူ့ကိုလာခေါ်တာကြောင့် ဖုန်းကိုအိတ်ကပ်ထဲထည့်ရင်း နောက်ကလိုက်သွားလိုက်တယ်။ မြန်မြန်ပီးမှပဲ သူလည်း P' ကိုလွမ်းလှပီ ...

Cheer meeting ပီးတော့ သူတို့ Hazer တွေအချင်းချင်း အစည်းအဝေးလုပ်ကြရင်း လိုအပ်တာတွေပြောကြတော့ Dae ဆိုတဲ့ကောင်လေး
အကြောင်းပါလာတယ် ။

သူတို့စည်းကမ်းအတိုင်း လိုက်မလုပ်ချင်တာသိပေမယ့် P'Arthit တို့တုန်းကလိုမျိုး အတင်းအကျပ်ပါဝင်ဖို့ သူမတိုက်တွန်းချင်ဘူး .. ဖြစ်နိုင်ရင် အေးအေးဆေးဆေးနဲ့နားဝင်အောင်ရှင်းပြချင်တာ .. ဒါပေမယ့် သတိထားမိတာက Tew က အဲ့ကောင်လေးကို အရမ်းကာကွယ်ပေးတယ်ဆိုတာပဲ ။ ထားပါတော့လေ ..

May တို့က ညစာတွေဝယ်ပီးပြန်လာတာနဲ့ ထမင်းစားဖို့ပြောတော့

" နေပါစေ .. အပြင်မှာ ချိန်းထားတာရှိလို့ "

" ရော့ .. ဒါဆို ဒီမှာ "

You are the only one 2 ( SOTUS + S Fanfiction )Where stories live. Discover now