6. Special Scene of Arthit & Kongpop - S2 (Z)

180 15 1
                                    

အတန်းမပြီးခင် ဝင်လာတဲ့ မက်ဆေ့ခ်ျသံကြောင့် စာအာရုံစိုက်နားထောင်နေရာမှ Arthit တယောက် ဘေးဘီကိုကြည့်ရင်း အကျီအိပ်ကပ်ထဲက ဖုန်းကိုနှိုက်ထုတ်ကာ စစ်လိုက်တော့

Kongpop:)
- P'Arthit Krub
- ဒီနေ့ ကျွန်တော်တို့နှစ်ယောက် ထမင်းစားချိန်လေးတော့ တူတူစားရအောင်လေ
- ကန်တင်းမှာ စောင့်နေပေးပါနော် ကျွန်တော် အပြေးလာခဲ့မယ်
- ကျွန်တော်နဲ့ P'Arthit ရဲ့ Lunch Date ပေါ့ :P

နောက်က ကပ်ပါလာတဲ့ Emoji ကြောင့် သူ ရယ်ချင်စိတ်ကို ဖိနှိပ်လိုက်တဲ့သဘောနှင့် ပါးစောင်တွေကို ဖိကိုက်ထားမိလိုက်တယ်။

- အင်း ငါနေရာကြို ဦးထားပြီး စောင့်နေမယ်

သဘောကျမိတဲ့စိတ်ကြောင့် အံကြိတ်ထားရက်နဲ့ပြုံးစိစိကြီး ခေါင်းကို ငုံ့ချလိုက်မိတော့ ဘေးက Prem က ခုံအောက်ကနေ ခြေထောက်ကို လှမ်းကန်ရင်း Projector ဘက်ကို မေးငေါ့ပြတာမို့ လည်ချောင်းတချက်ရှင်းလိုက်ရင်းနဲ့ စာကို အာရုံပြန်စိုက်ရပြန်ရော။

သုံးစက္ကန့် လောက်အကြာမှာပဲ နောက်က Bright က ကျောကုန်းကို ဘောပင်နဲ့လာတို့လို့ နောက်လှည့်ကြည့်မိတယ်။ စာရွက်သေးသေးလေးတစ်ပိုင်း လာပေးတာနဲ့ လှမ်းယူကြည့်လိုက်တော့

ဟန်တောင်မဆောင်နိုင်ဘူး မူပါဦးလား အရင်လို .. ချက်ချင်းကို စာပြန်တာပဲနော့် ။ Happy Lunch Date လေးပေါ့ကွာ ဟိဟိ တအားဆွိကြတာပဲ

" မ..မင်း ဘယ်လိုသိပြန်တာလဲ?  "

အတန်းချိန်စကားမပြောရမှန်းသိပေမယ့် Bright က ဘယ်ကနေဘယ်လို Lunch Date ရှိတာ သိရပြန်တာလဲ?

ပုခုံးတွန့် ပြတဲ့ Bright က ခေါင်းတခါခါလုပ်ပြပေမယ့် Prem က အဲ့စာရွက်အပိုင်းတိုလေးကို လုသွားပြီး တခုခုရေးပြီးမှပြန်ပေးလာတယ်။

မက်ဆေ့ခ်ျသံ မင်းဆီကဆိုတည်းက သူ အနောက်ကနေ ကုန်းကြည့်နေတာ

" Shiaaa..မင်း Privacy ဆိုတာ နား.."

Bright နဖူးကို လှမ်းရိုက်ဖို့ သူ နောက်လှည့်တုန်းပဲရှိသေး..

" Khun Arthit..စာကို အာရုံစိုက်ပါ။ သူငယ်ချင်းတွေ အာရုံစိုက်နားထောင်နေတာကို မနှောင့်ယှက်ပါနဲ့ "

You are the only one 2 ( SOTUS + S Fanfiction )Where stories live. Discover now