Interview with this couple - S2 ( U )

482 39 0
                                    


Kong <3

: P'Arthit krub ? ရုံးဆင်းတာနဲ့ကျောင်းကိုလာခဲ့ပေးနော် ..

: မနေ့ကကျနော်ပြောထားတဲ့ကိစ္စကို P' သဘောတူတယ်လို့ပြောထားတာမမေ့နဲ့နော်

: Oon ?

Kongpop ! Msg တွေ တစောင်ပီးတစောင်ပို့မနေနဲ့ ငါ ညနေ မင်းပြောထားတဲ့ကိစ္စ အမှီရောက်အောင်လာခဲ့မယ် စာသင်ခန်းထဲမှာ စာလုပ်စမ်း :/

: Krub P' <3

×××××××××××××××÷÷÷÷×××÷÷÷÷÷×××××

" ကျောင်းရဲ့ စံပြယောကျ်ားလေးအတွဲအဖြစ် P'Kong နဲ့ P'Arthit ကို ရွေးချယ်ခဲ့တယ်ပေါ့နော် :) အဲ့တော့ အင်တာဗျူးလုပ်ချင်တဲ့အကြောင်းကို P'Kong က လက်ခံပေမယ့် P'Arthit ကရော လက်ခံပါ့မလား ? "

" ကျနော်ရော P'Arthit ကပါ N'တို့မေးသမျှ ကျေကျေနပ်နပ်နဲ့ဖြေပေးမှာပါ ဟိုမှာ P'Arthit တောင် ပြေးလာနေပီ "

" Sawadee Krub :) နောက်ကျသွားတာခွင့်လွှတ်နော် လမ်းပိတ်နေလို့"

အင်တာဗျူးမယ့်သူလေးက ကျောင်းမဂ္ဂဇင်းအတွက်သာ အရဲစွန့်ပီး
ဒီအတွဲကိုမေးရတာ သူမအနေနဲ့တော့ Arthit ကို ကြောက်လည်းကြောက်ရသည်မို့ ပြန်မေးနေရတယ်

ကျောင်းပီးသွားပေမယ့်လည်း Arthitရဲ့ဩဇာက ခုထိတကျောင်းလုံးအပေါ်မှာစိုးမိုးထားနိုင်ဆဲကိုး

Arthit ရောက်လာတော့မှ ကင်မရာဆင်တဲ့ သူကဆင် ဓာတ်ပုံရိုက်တဲ့သူကရိုက်နဲ့ အင်တာဗျူးမယ့်သူက ကျောက်ခုံတန်းလေးရဲ့ရှေ့မှာ ထိုင်လိုက်တယ်

ကျောက်ခုံတန်းလေးပေါ်မှာ ထိုင်နေပီးသား Kongpop က Arthit ကို ထိုင်ဖို့ ဘေးနားကိုပုတ်ပြတော့ Arthit က ဝင်ထိုင်ရင်း

" N' :) စမယ်ဆိုပြောနော် "

Kongpop ရဲ့လက်ထဲက လက်ကိုင်ပဝါလေးက Arthit နဖူးပေါ်မှာဖြတ်ပြေးနေတာကိုတွေ့လိုက်ရတည်းက သူမ မမြင်ချင်ယောင်ဆောင်ပီး မေးမယ့်မေးခွန်းတွေသာ ငုံ့ဖတ်နေခဲ့တာ

ဒါပေမယ့် Arthit က ရှက်လို့လား စိတ်ညစ်လို့လားမသိ Kongpop လက်ကိုဖယ်ချရင်းအသံတိတ်ဆဲနေတာကိုကြားပီး ပြုံးမိလိုက်တယ်။
Kongpop ကတော့ ခပ်ပြုံးပြုံးပင်
( A/N : ဟိုကအကြောလျှော့ပေးလေ သူက အကြောတင်းလေ )

You are the only one 2 ( SOTUS + S Fanfiction )Where stories live. Discover now