Kong's POV
တွေ့နေကြနေရာလေးဖြစ်တဲ့ ကျောင်းက ကျောင်းသားတွေစုထိုင်လို့ရတဲ့နေရာလေးမှာ Kong တယောက် Arthit ကိုစောင့်နေလိုက်တယ်။ အတန်းဆင်းလာပုံရတဲ့ P'Arthit ကို လှမ်းမြင်ရမှသာ သူ ပြုံးစိစိလုပ်ရင်း စာငုံ့ဖတ်သလိုနဲ့ မသိချင်ယောင်ဆောင်နေမိတော့
" Kongpop ... စာနားမလည်ဘူးဆို ? ဘယ်ဟာလဲ ? "
P'Arthit ထိုင်ထိုင်ချင်းမေးလာတဲ့စကားအရ တွေ့ချင် လွန်းလို့ သူ Line မှာ ဥာဏ်ဆင်ပြီး အကြောင်းပြထားတဲ့အကြောင်းအရာကို ဦးတည်လာတာမို့
" ဟို ... ကျွန်တော် ပုံသေနည်းတွေမှတ်လို့မနိုင်ဘူး "
" Huh ? "
" .... "
" အင်း ဒါဆို ငါ ပုံသေနည်းတွေ List ထုတ်ပေးမယ်။မင်းကံကောင်းတယ်မှတ်နော် ဒါငါအရဆုံးဖြစ်နေလို့ "
လက်ထဲက Note စာအုပ်ကိုဆွဲယူသွားရင်း ဖတ်စာအုပ်ကြည့်ကာ ချရေးလိုက် ထပ်ရှာလိုက်လုပ်နေတဲ့ P'Arthit ပုံစံကို သူကြည့်ပြီး ခိုးပြုံးလိုက်တယ်။အနည်းဆုံး အတူတူရှိနေရတာပါပဲလေ။
" ဒီမှာ မင်းအတွက်ငါ ပုံသေနည်းတွေအကျဉ်းချုပ်လုပ် ပေးထားတယ်နော်"
တခဏလောက်ပဲကြာတယ်ထင်ရတယ်။ P'Arthit တကယ်ပဲ သူ့ကို Note စာအုပ်ပြန်ပေးလာပြီ။ တော်လိုက်တာ ....
" အဲ့လောက်အတိအကျကြီးတွေတော့ ဆရာကဘယ် လုပ်ပေးနိုင်မှာလဲ ? ခု ကြည့်ထားဦး "
ဘောပင်နဲ့တချက်ညွှန်ပြရင်း ဖတ်စာအုပ်ထဲပြန်အာရုံစိုက်သွားတဲ့ P'Arthit ကို ခေါင်းလေးစောင်းရင်း သူကြည့်နေရာကနေ
" P'Arthit က အရမ်းတော်တာပဲနော် "
သူ့ဘက်ကတကယ်ပြောတာဆိုပေမယ့် P'Arthit က မျက်ခုံးနှစ်ခုတွန့်ချိုးသွားပြီး မျက်စောင်းက ဒိုင်းကနဲရောက်လာတယ်။ပြီးမှ စိတ်ရှုပ်တဲ့ပုံလေးနဲ့
" ခုက ဘာဖြစ်ပြန်ပြီလဲ ? "
သူ ဆက်ပြောရင် P'Arthit က ယုံပါ့မလား ? စိုက်ကြည့်နေမိတော့ P' က သူ့စာအုပ်ကိုလက်နဲ့လှမ်းပုတ် လာရင်း
" မင်း စာကိုသာအာရုံထားစမ်းပါ "
ပြောပြီးတာနဲ့ စာထဲပဲအာရုံပြန်ရောက်သွားတဲ့ P' ကိုကြည့်ရင်း သူထပ်စကားစဖို့လုပ်ကာ
YOU ARE READING
You are the only one 2 ( SOTUS + S Fanfiction )