🖤4🖤(UNICODE)

3K 102 2
                                    

"ဟူးးးမရောက်ဖြစ်တာ ဘယ်လောက်တောင်ရှိသွားပြီလဲ?"

"ခေါင်" က လေယာဥ်ပေါ်ကနေ အမိမြေကိုခြေချလိုက်သည်နှင့် ခပ်ဆွေးဆွေးစကားဆိုလိုက်သည်။

_Ring!!!_

"ဟဲလို"

"သားလေးရောက်ပြီလား?"

"အခုဘဲ Mom"

"အဆင်ပြေရဲ့လား အဲ့မှာက နေပူရှိန်ပြင်းတယ် ဂရုစိုက်နော်"

"စိတ်ချပါ Momရာ ဖူးရှင်ချောချောလေးသာရှာခဲ့မယ်"

ခေါင်ဟာ Ph ကိုပြောရင်း သူ့အိတ်ကိုဆွဲကာ လမ်းလျှောက်လာလိုက်သည်။

"အာ့.."

ရုတ်တရက် ပခုံးကိုတိုက်မိသွားတာမို့ တိုက်မိသွားတဲ့ ကောင်သေးသေးလေးကို တစ်ချက်ကြည့်လိုက်ရင်း။

"Mom. နောက်မှ ပြန်ခေါ်မယ်နော်"

သူဟာ ph ကိုအမြန်ချရင်း ရှေ့ကကောင်လေးကို လှမ်းထူလိုက်သည်။

"အဆင်ပြေရဲ့လား?"

"ဟို ကျွန်တော်တောင်းပန်ပါတယ် ဗျ အကို ဖိနပ်မှာတော့ Coffee တွေစွန်းသွားပြီ"

"အာ..အကိုက ရပါတယ် မင်းရော အဆင်ပြေရဲ့လား?"

"ကျွန်တော်က ပြေပါတယ် ဒီကအကိုအဆင်ပြေတယ်ဆိုရင် သွားခွင့်ပြုပါဦးနော် အရေးကြီးနေလို့ပါ"

ကောင်လေးဟာ မြန်မြန်ပြောပြီး ခပ်သုတ်သုတ်ဘဲ သူ့ရှေ့က ထွက်သွားသည်။
ဆရာခေါင်တစ်ယောက်ကတော့coffee တွေစွန်းသွားတဲ့ သူ့ဖိနပ်ကို တစ်ချက်ကြည့် ထွက်ပြေးသွားတဲ့ ကောင်လေးကို တစ်ချက်ကြည့်ရင်း ပြုံးလိုက်သည်။

"အင်းးးနောက်တစ်ခါထပ်တွေ့မှဘဲ အလျော်တောင်းတော့မယ်"

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"ဘာလို့ ကြာနေတာလဲ လေယာဥ်တောင်ထွက်တော့မယ်"

"တောင်းပန်ပါတယ် အကို"

"ကျစ်လာပြန်ပြီ ဒီတောင်းပန်တာ?
ဘယ်မှာလဲ ဝယ်ခိုင်းလိုက်တဲ့ Coffee"

"ဟို...လမ်းမှာ မှောက်ကျသွားလို့"

"ဘာ!! မင်းကို ခိုင်းလိုက်ရင် တစ်ခုမှ စောက်သုံးမကျဘူး"

သျှင်နောင် (သျှင်နောင်)Where stories live. Discover now