🖤10🖤 (UNICODE)

2.5K 97 5
                                    

တိုက်ခတ်နေတဲ့ လေအေးအေးတစ်ချို့ကို ခံယူရင်း ဝရံတာမှာ ထိုင်ကာ ဘီယာသောက်နေကြတဲ့ ကောင်လေးနှစ်ယောက်။

"များနေပြီ နောင် အများကြီးမသောက်နဲ့!"

"အစ်..ခေါင်ကလည်း~~ ဒီနေ့တော့အများကြီးသောက််မယ်လေနော်~"

သာမန်အချိန်တွေတောင် ချစ်စရာကောင်းနေတာ ဒီလိုမူးနေချိန် မှာပိုချစ်စရာကောင်းမှန်း ဒီကောင်လေး မသိဘူးထင်ပါရဲ့!

ပြည့်ပြည့်လေးဖြစ်နေတဲ့ ပါးလေးနှစ်ဖတ်က နီရဲကာ တင်းတင်းလေးဖြစ်နေသည်က ခေါင် ကို နမ်းချင်စိတ်ဖြစ်အောင် လုံ့ဆော်နေသလိုပင်!

နူတ်ခမ်းအိအိစိုစိုလေးကလည်း ဘီယာ သောက်ထားတာကြောင့် ပုံမှန်ထက်စိုနေတာမို့ ခေါင်တစ်ယောက်ကြာရင် တကယ်ပင် စိတ်ထိန်းနိုင်မယ်မထင်!

မျက်ရည်စက်တစ်ချို့ ကျနေတဲ့ ကောင်ငယ်လေးက တစ်ခုခုကို လွမ်းဆွတ်နေသလိုပင်!
သူ့ယောကျာ်းကို လွမ်းနေတာများလား?

"ဟက်..ကျွန်တော် ခေါင်ကို ဟာသတစ်ခုပြောပြရမလား?"

ရယ်သံထွက်နေပေမယ့် စိတ်ထဲတွင် ဝမ်းနည်းနေမှန်းသိသာသည်!

"အင်းပြောပြ!"

"ကျွန်တော်ကလေ..ကျွန်တော်က လူသတ်သမားတဲ့"

သူ့ကိုယ်သူ ရင်ဘတ်ကို ပုတ်ကာပြောနေတဲ့ အမူးသမားလေးက တကယ်ပင် စိတ်ထိခိုက်နေသလို!

"ခေါင်သိလား?"

"မသိဘူးလေ"

"ခေါင်ရော ကြောက်သွားပြီလား?
ကျွန်တော်က လူသတ်သမားဆိုတော့!"

"နောင်က တကယ်သတ်ခဲ့လို့လား?
နောင်မလုပ်ခဲ့ဘူးဆိုတာကို အကိုက နောင်ကိုမြင်တာနဲ့ယုံတယ်"

"......"

ကောင်လေးက ခေတ္တမျှ စကားသံတိတ်ဆိတ်သွားသည်!
မျက်ဝန်းတွေထဲမှာ အံ့သြရိပ်တွေ ပြည့်လျှက်!

"အဟင့် အဟင့်...အီး"

"ဟော..ဘာလို့ ထငိုတာလဲ နောင်ရဲ့"

ခန္ဓာကိုယ်လေးကို ပွေ့ဖက်ရင်း ရင်ခွင်ထဲထည့်ပြီးနောက် ခေါင်းကို အသာပုတ်ကာ အမူးသမားလေးအား ချော့နေရပြန် သည်!
ဒီနေ့တော့ ကိုယ့်ကို ဖက်ထားခွင့်ပြုပါ!

သျှင်နောင် (သျှင်နောင်)Where stories live. Discover now