🖤6🖤(ZAWGYI)

1.4K 18 0
                                    

ဒီနေ့မနက် လည်း သူအစောကြီးနိုးလာမိသည်။
မနေ့ကမလုပ်လိုက်ရတဲ့ အကို့အခန်းကို သန့်ရှင်းရေးလုပ်ပေးရဦးမယ်။ပြီးရင် ပန်းအိုးတွေရွေ့ရဦးမယ်။နောက်ပြီး အိမ်နောက်ဘတ်က နည်းနည်းရှည်နေပြီဖြစ်တဲ့ မြတ်ပင်တွေကို ရိတ်ရဦးမယ်။

ဦးနောက်ထဲ လုပ်ရမယ့်အလုပ်တွေကို တန်းစီစဉ်းစားရင်း သူ မနက်စာစားရန်ပြင်ဆင်နေလိုက်သည်။ အိမ်မှာ အကိုလင်းသန့်မရှိတာမို့ ထွေထွေထူးထူး မပြင်ဆင်တော့ဘဲ ကော်ဖီတစ်ခွက်နဲ့ အဆင်သင့်ရှိနေတဲ့ မုန့်ခြောက်ကိုသာ သူပြင်ဆင်လိုက်သည်။

နောက်လဆို ဆောင်းဦးဝင်တော့မှာဘဲ အကို့အတွက် အနွေးထည်တစ်ထည် ဝယ်ပေးရဦးမယ်။ပြီးတော့ကိုယ်တိုင်ဝတ်ဖို့အတွက်ရော ဝယ်ရဦးမယ်။

သူမနက်စာစားနေစဉ်တစ်လျှောက်လဲ အတွေးထဲ လင်းသန့်သာ ရှိနေသည်။စားနေတာကို လက်စသတ်လိုက်ပြီး ခြံထဲက ပန်းအိုးတွေကို ရွေ့ရန် ခြံထဲသို့ ဆင်းလိုက်သည်။

ဒီနေ့က ခါတိုင်းနဲ့မတူစွာပင် ရှိနေသည်။ အကြောင်းက အရင်က တစ်ဖတ်ခြံမှာ လူမနေသော်လည်း ယနေ့တွင်မူ ခြံတံခါးပွင့်နေသောကြောင့်ပင်။

စိတ်ထဲတွင်တော့ လူပြောင်းလာတာ ဖြစ်မယ်လို့ တွေးရင်း ကိုယ်နဲ့ မဆိုင်တာမို့ ပန်းအိုးသာဆက်ရွေ့နေလိုက်သည်။

"အာ့..အာ ငါ့ခါး"

ခါးမှ မြစ်ခနဲ ဖြစ်သွားတာမို့ သျှင်နောင် တစ်ယောက် ငြီးငြူလိုက်သေးသည်။

"ဟေ့ အဆင်ပြေရဲ့လား"

"ဟင်"

"ဒီမှာ ဒီမှာ ဒီဘတ်ခြံမှာ"

သျှင်နောင်တစ်ယောက် တစ်ဘတ်ခြံကို မျက်စိကစားကာ လှည့်ကြည့်လိုက်တော့ အိမ်နေရင်း ဝတ်စုံနှင့်ပင် ကြည့်ကောင်းနေသော လူတစ်ယောက်။

"ဟုတ် အဆင်ပြေပါတယ်ဗျ"

"ကူရွေ့ပေးရဦးမလား? အိမ်မှာဘယ်သူမှမရှိဘူးလား?"

"ရပါတယ် ကျွန်တော်ရွေ့နိုင်ပါတယ်"

"အဝေးက ကြည့်တာတောင် မသက်သာဘူး ဖြေးဖြေးရွေ့နော်"

သျှင်နောင် (သျှင်နောင်)Where stories live. Discover now