🖤8🖤 (Zawgyi)

1.4K 17 0
                                    

ချစ်သူလမ်းကြားလို့ နာမည်ရတဲ့ ဒီခရေပင် လမ်းကြားမှာ အေးဆေးလာထိုင်ရင်း ကဗျာတွေရေးတက်သည်မှာ 1 ပတ်ပင်ရှိပြီ!

April လအစမို့ ခရေပန်း နံ့လေးတွေ သင်းနေတဲ့ ဒီလမ်းကြားလေးကနောင် အ တွက် စိတ်ဖြေစရာနေရာတစ်ခု!

ဒီနေ့က 2016 April 1 :
ခါတိုင်းလိုဘဲ သူဟာ ခုံတန်းလေးမှာ ထိုင်ရင်း
ကဗျာ တစ်ပုဒ်ကို စပ်ရန်ပြင်လိုက်သည်!

မေမေရယ် ဖေဖေရယ် မြတ်ရယ် မသိအောင် ထွက်လာရတဲ့ သူ့အဖို့ ဒီနေ့ရာမှာ ရှိနေတက်တဲ့ 2 နာရီလောက်က သူ့အတွက် အမောတွေ အားလုံးပြေစေသည်!

_ချလပ်_

ရုတ်တရက် ကင်မရာမှ ထွက်ပေါ်လာတဲ့ ဓာတ်ပုံရိုက်သံ တစ်ခုကြောင့် ကင်မရာ ပိုင်ရှင်ကို ကြည့်လိုက်သည်!

ထိုသူကနောင် ကိုကျောခိုင်းထား၍ ကင်မရာ တစ်လုံးနဲ့ နေရာအစုံကို လိုက်ရိုက်နေသလိုပင်!

ထိုလူကနောင် ဘတ်ကို လှည့်လိုက်တဲ့ ချိန်မှာတော့ နောင်တစ်ယောက် ကမ္ဘာ ကြီးတစ်ခုလုံးကိုတောင်မေ့သွားရလောက်အောင် ထိုလူကို ငေးကြည့်နေမိသည်!

"ဟိတ်..ဒီမှာထိုင်လို့ရမလား"

သြသြရှရှ ထွက်ပေါ်လာတဲ့ အကို့အသံက သိပ်နားထောင်လို့ ကောင်းခဲ့သည်!

နောင်ဟာ ခေါင်းကို ခပ်ဆတ်ဆတ်ငြိမ်ရင်း ထိုင်ခွင့် ပြုလိုက်တာမို့ သူက အေးဆေးအနားယူကာနောင်နှင့် 10လက်မအကွာမှာ ဝင် ထိုင်နေသည်!

သေချာတာက ထိုနေ့က နောင်တစ်ယောက် ရင်အခုန် မြန်ပြီး ကဗျာ ပင် မရေးနိုင်ခဲ့တာ အမှန်ပင်!

ထိုနေ့မှစ၍ နောင် ရဲ့ ဒိုင်ယာရီ စာအုပ်လေးထဲမှာလည်း ထိုလူအကြောင်းတွေ နေရာယူသွားခဲ့သည်!
အင်း.... ပြောရမယ်ဆို နောင်နဲ့ အကို
လင်းသန့်နဲ့ ပထမဆုံး စတွေ့ခဲ့တဲ့နေ့ပေါ!

______________________________________

အိမ်အထဲရောက်သွားသည်နှင့် မိသားစုဓာတ်ပုံတို့ ဘာတို့ ချိတ်ထားခြင်းမရှိကြောင့် ခေါင် တစ်ယောက် ထူးဆန်းတယ်လို့တွေးမိသည်!
သူ့ရဲ့ စင်ကာပူက အိမ်လေးမှာတောင် မိသားစုဓာတ်ပုံချိတ်ထားသေးတာဘဲ!
ဒါမျိုးက အိမ်တစ်အိမ်မှာရှိသင့်တယ်မလား!

သျှင်နောင် (သျှင်နောင်)Where stories live. Discover now